အမေရိကန် ၀ါရင့်လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် တက်ခရုဇ် ဦးဆောင်သည့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်များသည် သမ္မတ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်၏ အနိုင်ရမှုကို စိန်ခေါ်သွားမည်ဟု ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ရွေးကောက်ပွဲမဲရလဒ်များကို လျော့ပါးစေရန် ဒေါ်နယ်ထရန့်၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံသည့် နောက်ဆုံးလှုပ်ရှားမှုတစ်ရပ် ဖြစ်လာခဲ့သည်။
ရှုံးနိမ့်ရန် သေချာဖွယ်ရှိနေသည့် ၎င်းတို့၏ အစီအစဉ်သည် ရွေးကောက်ပွဲရလဒ်များကို တရားရေးအရ စိန်ခေါ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သည့် ထရန့်၏ လှုပ်ရှားမှုများနှင့် အနည်းငယ်ကွဲပြား ခြားနားပုံ ပေါ်နေသည်။
ခရုဇ်နှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အထက်လွှတ်တော်အမတ် ခြောက်ဦး၊ ရွေးကောက်ခံ အထက်လွှတ်တော်အမတ် လေးဦးတို့က လက်မှတ်ရေးထိုးခဲ့သည့် ရီပတ်ဘလင်ကန်များ၏ အစီရင်ခံစာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် လိမ်ညာမှုများနှင့် စည်းကမ်းမညီညွတ်မှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၆ ရက်တွင် ကွန်ဂရက်၌ သမ္မတ ရွေးကောက်ပွဲရလဒ်များကို တရားဝင် ရေတွက်ရန် ပူးတွဲအစည်းအဝေးပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် သမ္မတ ရွေးကောက်ပွဲရလဒ်များကို ၁၀ ရက်အတွင်း အရေးပေါ်စစ်ဆေးရန် အထူးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုသွားမည်ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်တစ်ခုချင်းစီသည် အထူးဥပဒေပြု အစည်းအဝေးများ ကျင်းပနိုင်မည်ဖြစ်ပြီး ၎င်းတို့ ပြည်နယ်များ၏ မဲစုစုပေါင်းကို ပြန်လည်သုံးသပ်နိုင်ရန် ဖြစ်လာနိုင်မည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“အပြတ်အသတ် အနိုင်ရရှိမှုကို ခိုးယူမယ့် ကြိုးပမ်းမှုကို ခွင့်မပြုနိုင်ပါဘူး”ဟု ထရန့်က ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိမှုကို ခိုးယူခံခဲ့ရသည့်ပုံစံဖြင့် Twitter တွင် ဇန်နဝါရီ ၂ ရက်က ရေးသားဖော်ပြခဲ့သည်။
“အချက်အလက်အမှန်တွေကို သူတို့ (ခရုဇ်ဦးဆောင်သည့် ရီပတ်ဘလစ်ကန်များ) တွေ သိရှိပြီးတဲ့ နောက်မှာတော့ နောက်ထပ် ရီပတ်ဘလစ်ကန်တွေလည်း ထပ်လာပါလိမ့်ဦးမယ်။ ကျွန်တော်တို့ နိုင်ငံကလည်း သူတို့ရဲ့ လုပ်ဆောင်မှုအတွက် သူတို့ကို ချစ်ပါလိမ့်မယ်” ဟု ထရန့်က Twitter တွင် ထပ်မံရေးသားခဲ့သည်။
ခရုဇ်ဦးဆောင်သည့် ရီပတ်ဘလစ်ကန်အဖွဲ့သည် ဘိုင်ဒင်အား ရွေးကောက်ပွဲအနိုင်ကြောင်း အတည်ပြုခဲ့မှုကို ဆန့်ကျင် ကန့်ကွက်မည်ဟု ပြောကြားခဲ့သည့် မစ်ဆူရီပြည်နယ်မှ အထက်လွှတ်တော်အမတ် ဂျို့ရှ်ဟော်လေး နှင့် ဇန်နဝါရီ ၆ ရက်တွင် ပူးပေါင်းမည် ဖြစ်သည်။
ထို့ပြင် အောက်လွှတ်တော်မှ ရီပတ်ဘလစ်ကန်အမတ် လူဝီဂိုးမတ်ကလည်း ဘိုင်ဒင်အား အနိုင်ရကြောင်း အတည်ပြုမှုကို ဆန့်ကျင်မည်ဟု ကြေညာခဲ့ပြီး အောက်လွှတ်တော်မှ ရီပတ်ဘလစ်ကန် အမတ် ၁၀၀ ကျော်ကလည်း ဂိုးမတ်အား ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။
ဂိုးမက်သည် ဇန်နဝါရီလ ၆ ရက်တွင် ပြုလုပ်မည့် ကွန်ဂရက် အစည်းအဝေးတွင် အခမ်းအနား လုပ်ထုံးလုပ်နည်းအရ ပါဝင်တက်ရောက်ရမည့် ဒုသမ္မတ မိုက်ပန့်စ်ကို ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်နိုင်သည့် အာဏာကို ရရှိစေမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တရားစွဲဆိုမှု တစ်ခုနှင့်အတူ ကြိုးပမ်းခဲ့သော်လည်း ပန့်စ်က ယင်းကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ပြီး တက္ကဆက်ပြည်နယ် ဖက်ဒရယ် တရားသူကြီးကလည်း ယင်းတရားစွဲဆိုမှုကို ပယ်ချခဲ့သည်။
၀ါရှင်တန်တွင် ထရန့်ကို ထောက်ခံသူများ၏ စုရုံးပွဲများ ပြုလုပ်နေသည့်အချိန်တွင် ကွန်ဂရက် အစည်းအဝေးများမှာ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ထရန့်နှင့် ၎င်း၏အဖွဲ့သည် ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းနေမှုများနှင့်အတူ နိုင်ငံရေးအရ ရွှေ့ကွက်များသည်လည်း အောင်မြင်ဖွယ်မရှိနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ဘိုင်ဒင်၏ ဒီမိုကရက်များသည် အောက်လွှတ်တော်ကို ထိန်းချုပ်ထားပြီး ရီပတ်ဘလစ်ကန် အများစုသည်လည်း ဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြုချက်ကို မဲပေးဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
