အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေစဉ် အီရန်တော်လှန်ရေး အစောင့်တပ် ခေါင်းဆောင် ဟိုစိန်ဆာလာမီက ရန်သူများ လုပ်ဆောင်သော မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီ သေဆုံးမှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဆာလာမီက ထိုအကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အီရန် ကမ်းလွန်ပင်လယ်ပြင်တွင် မိမိတို့တပ်ဖွဲ့၏ အင်အားကောင်းသော စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချမှုရှိပြီး ရံဖန်ရံခါဆိုသလို လေလုံးထွားလေ့ရှိသော၊ ခြိမ်းခြောက်ရန်စလေ့ရှိသော ရန်သူများအား ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ဆာလာမီ၏ ပြောကြားချက်ကို တော်လှန်ရေးအစောင့်တပ်၏ တရားဝင် သတင်းဝက်ဘ်ဆိုက် Sepahnews တွင် ဖော်ပြထားသည်။
အီရန်နှင့် ယူအေအီးအကြား ပိုင်နက်အငြင်းပွားမှု ဖြစ်နေသော Abu Musa၊ Greater Tunb ၊ Lesser Tunb ကျွန်း သုံးကျွန်းတည်ရှိရာ ဒေသတွင် မကြာသေးမီက အမေရိကန် B-52 ဗုံးကြဲလေယာဉ်နှစ်စင်း ပျံသန်းခဲ့ခြင်းနှင့်အတူ ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှု တစ်နှစ်ပြည့်သည့်နေ့ ရောက်ရှိလာချိန်တွင် အီရန်-အမေရိကန် တင်းမာမှု ပိုမိုကြီးထွားလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
