SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးကွဲသစ်တစ်မျိုးသည် ဗြိတိန်တွင် အလျင်အမြန်ကူးစက်ဖြစ်ပွားနေပြီး ထိုဗိုင်းရပ်စ်မျိုးကွဲသစ် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် စက်တင်ဘာလမှစ၍ ဗြိတိန်၌ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူ ၁,၄၀၀ ကျော်ရှိနေပြီဖြစ်သည်။
COVID-19 ရောဂါကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်သည် အချိန်နှင့်အမျှ မျိုးဗီဇသစ်အများအပြား ပြောင်းလဲလျက်ရှိသော်လည်း လတ်တလောတွင် ကူးစက်ပျံ့နှံ့နေသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် နောက်ထပ်မျိူးဗီဇသစ်များအဖြစ်သို့ အလျင်အမြန်ပြောင်းလဲတတ်သည့် သဘာဝရှိသည်။
SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးကွဲသစ်ကို B.1.1.7 မျိုးဗီဇဟု အမည်ပေးထားပြီး ထိုသန္ဓေပြောင်း ဗိုင်းရပ်စ်သည် ဗြိတိန်၊ တောင်အာဖရိက၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အခြားသောနိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေသည်။
B.1.1.7 ၏ အမိုင်နိုအက်စစ်အတွဲ (genetic code) အတွင်း သန္ဓေပြောင်းလဲမှုများ ၂၃ ကြိမ်ဖြစ်ပွားပြီး ထိုအမိုင်နိုအက်စစ်အတွဲသည် ဗိုင်းရပ်စ်ပရိုတင်းလေးမျိုးကို ပြောင်းလဲစေနိုင်သည်။ SARS-CoV-2 ၏ ယခင်မျိုးကွဲဟောင်းများနှင့် B.1.1.7 မျိုးကွဲသစ်တို့၏ ကွဲပြားခြားနားချက်မှာ ဗိုင်းရပ်စ်မျိုးကွဲဟောင်းများသည် တစ်လလျှင် မျိူးဗီဇသစ် တစ်မျိုး၊ နှစ်မျိုးသာ ပြောင်းလဲနေချိန်တွင် B.1.1.7 မျိုးကွဲသစ်သည် မျိုးဗီဇ ၂၃ မျိုးအထိ ပြောင်းလဲနေခြင်းဖြစ်သည်။
မျိုးဗီဇ ၂၃ မျိုးထဲမှ ရှစ်မျိုးသည် ဆူးချွန်ပုံပရိုတင်း (spike protein) ကို သက်ရောက်မှုရှိသည်။ ဆူးချွန်ပုံ ပရိုတင်းသည် ဗိုင်းရပ်စ်ကို လူ့ဆဲလ်အတွင်းသို့ ဝင်ရောက်နိုင်စေရန် အကူအညီပေးသောကြောင့် ထိုပရိုတင်းအပေါ် သက်ရောက်မှုရှိစေသည့် အချက်မှာ သတိထားရမည့် ပြဿနာရပ်ဖြစ်သည်။ မျိူးဗီဇရှစ်မျိုးကြောင့် ဆူးချွန်ပုံပရိုတင်းတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများသည် ဗိုင်းရပ်စ်များအား ဆဲလ်များအတွင်းသို့ အလွယ်တကူဝင်ရောက်လာစေရန် အကူအညီပေးနေပါက မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် လူတစ်ဦးမှ တစ်ဦးသို့ အလျင်အမြန်ကူးစက်နိုင်လိမ့်မည်ဖြစ်သည်။
အဆိုပါမျိုးဗီဇပြောင်းဗိုင်းရပ်စ်များသည် ဗိုင်းရပ်စ်ကို တိုက်ဖျက်နေသော လက်ခံကောင်၏ ခုခံအားစနစ်ကို ပြောင်းလဲစေနိုင်ပြီး COVID-19 ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ပါးစေနိုင်ဖွယ်ရှိသည်။
ပိုးတွေ့လူနာတစ်ဦးထံမှ သီးခြားထုတ်ယူထားသော ဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 ၏ ဓာတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေးမှုအရ B.1.1.7 မျိုးကွဲသစ်သည် လွန်ခဲ့သည့် သုံးလကျော်အတွင်း ကူးစက်မှု အကြိမ်ရေမြင့်တက်ခဲ့သည့် အသွင်ရှိသည်။
B.1.1.7 မျိုးကွဲသစ်သည် SARS-CoV-2 ၏ ယခင်မျိုးကွဲဟောင်းများထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်ကြောင်း သိပ္ပံပညာရှင်အချို့က ခန့်မှန်းထားကြသည်။ အချက်အလက်ကို အခြေခံ၍ ထုတ်ပြန်သော ထိုခန့်မှန်းချက်များကို အတိအကျကောက်ချက်ချရန် စောလွန်းသေးသော်လည်း ကူးစက်မှု ၇၀ ရာခိုင်နှုန်းပိုမြန်သည့်အချက် မှန်ကန်နေပါက ယင်းသည် ဆူးချွန်ပုံပရိုတင်းတွင် ဖြစ်ပွားသော ပြောင်းလဲမှုများက ACE2 လက်ခံပစ္စည်းကို ဗိုင်းရပ်စ်နှင့် ပိုမိုနှောင်ဖွဲ့စေရန် ခွင့်ပြုပေးခြင်းကြောင့်ဖြစ်နိုင်သည်။ ACE2 လက်ခံပရိုတင်းသည် ဗိုင်းရပ်စ်ကို ဆဲလ်များအတွင်းသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်လာစေရန် ကူညီသော ပစ္စည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
