ဝက်စ်ဟမ်းအသင်းသည် အသင်း၏ ဂါနာတောင်ပံကစားသမား ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်း ရရှိမှသာ ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ်ရှိ ကူဒူစ်သည် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အေဂျက်စ်အသင်းမှ ဝက်စ်ဟမ်းအသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် (၃၈) သန်းဖြင့် ခေါ်ယူခဲ့သည်။
ကူဒူစ်အနေဖြင့် ဝက်စ်ဟမ်းအသင်းသို့ စရောက်ကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ခေါ်ယူရန် စိတ်ဝင်စားခြင်းကို ခံနေရကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် ကူဒူစ်အား ခေါ်ယူစဉ်က (၅) နှစ်စာချုပ်ချုပ်ဆိုရာတွင် ပေါင် (၈၅)သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။
ထို့ကြောင့် ဝက်စ်ဟမ်းအသင်းသည် ၎င်းကို တန်ဖိုးလျှော့ချ၍ ရောင်းထုတ်ရန် အစီအစဉ် မရှိခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ထရိုဆက်ဒ်ကို ဆော်ဒီကလပ်ထံ ရောင်းချပြီး ကူဒူစ်အား ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းထွက်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
