ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်သည် ပရော်ဖက်ရှင်နယ် တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။
အသက် (၄၅) နှစ်ရှိပြီဖြစ်သူ ဖော်လန်သည် ပထမဆုံး ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲအဖြစ် ဥရုဂွေးအိုးပင်း နှစ်ယောက်တွဲပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲမှာ ATP ၏ ဒုတိယတန်းစားပြိုင်ပွဲတစ်ခုဖြစ်သည့် Challenger Tour ပြိုင်ပွဲဖြစ်ပြီး ဖော်လန်သည် အာဂျင်တီးနား ပရော်ဖက်ရှင်နယ်တင်းနစ်သမား ဖယ်ဒီရီကိုကော်ရီယာ (၃၂ နှစ်) နှင့် တွဲဖက်ယှဉ်ပြိုင်ခဲ့သည်။
ဖော်လန်နှင့် ကော်ရီ ယာအတွဲကို ဥရုဂွေးအိုးပင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် Wildcard ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် ဘို လစ်ဗီးယားကစားသမား ဘိုရစ်အာရိစ်၊ ဖယ်ဒီရီကိုဟယ်ဘာ လော့စ်အတွဲနှင့်ယှဉ်ပြိုင်ကစားရာ ၁-၆၊ ၂-၆ ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။
ဖော်လန်သည် မန်ယူ၊ ဗီလာရီးယဲလ်၊ အက်သလက် တီကို၊ အင်တာမီလန်စသည့် ဥရောပထိပ်တန်းကလပ်များတွင် ကစားခဲ့ဖူးသူဖြစ်ပြီး မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်၊ FA ဖလား၊ ကွန်မြူနတီဒိုင်း တစ်ကြိမ်စီ၊ ဗီလာရီးယဲလ်အသင်းနှင့် UEFA အင်တာတိုတိုဖလား၊ အက်သလက်တီကို အသင်းနှင့် ယူရိုပါလိဂ်၊ ဥရောပစူပါဖလား တစ်ကြိမ်စီ ဆွတ်ခူးရယူနိုင်ခဲ့သည်။
ထို့ပြင် ဥရုဂွေးလက်ရွေးစင်အသင်းအတွက်လည်း (၁၁၂) ပွဲကစား၊ (၃၆) ဂိုးသွင်းယူကာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုနှင့် အကောင်းဆုံးသွင်းဂိုးဆုများ ရရှိခဲ့ဖူးသည်။
ဖော်လန်သည် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြအဖြစ် ခေတ္တသာ လုပ်ကိုင်ခဲ့ပြီး အပျော်တမ်းတင်းနစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယခုပွဲအပြီးတွင် ဖော်လန်က "ကျွန်တော် ဖယ်ဒီနဲ့အတူတွဲပြီး ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းအပေါ် အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အပျော်တမ်း ကစားသမားတစ်ဦးအနေနဲ့ ပရိုကစားသမားတစ်ဦးနဲ့အတူ တွဲပြီး ယှဉ်ပြိုင်ခွင့်ရတဲ့အခွင့်အရေးဆိုတာ နေ့တိုင်းပေါ်တဲ့ အခွင့်အရေး မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော် ဘယ်တုန်းကမှ စိတ်ကူးတောင်မယဉ်ခဲ့ဖူးတဲ့ အရာတစ်ခုဖြစ်ပြီး အခုတော့ ကျွန်တော် အိပ်မက်ကောင်းတွေ မက်လိုက်ပါဦးမယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
