ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက်် ကထိန်အလှူတော်ကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် သီတင်းသုံးသည့် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန ္တဝိမလနှင့် ကထိက၊ စာချဆရာတော်များအား Eleven Media Groupမှ အလှူတော်ငွေ မတည်လှူဒါန်းပြီး Eleven Media Group ဌာနအသီးသီးမှ ဝန်ထမ်းများ၏ စုပေါင်းပစ္စည်းပဒေသာပင် ကထိန်အလှူတော်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group ကထိန်အလှူတော်ကို ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော်နှင့် ကထိက၊ စာချဆရာတော်များ ကြွရောက်ခဲ့ကြပြီး ပရိတ်တရားတော်ရွတ်ဖတ်ကာ ပင့်သံဃာစုစုပေါင်း အပါး ၅၀ ကြွရောက်ချီးမြှင့်ခဲ့သည်။
ကထိန်အလှူတော်နှင့်ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန ္တဝိမလက ကထိန်အနုမောဒနာတရား ချီးမြင့်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် သီတင်းသုံးသည့် ပါမောက္ခချုပ်ဆရာတော်၊ ကထိက၊ စာချဆရာတော်များနှင့် သံဃာတော်များ၊ သီလရှင်များနှင့် စာသင်သားများအပါအဝင် စုစုပေါင်းဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၀ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုနှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ (၁၆) ကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု၏ မတည်လှူဒါန်းမှုဖြင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၄၀ ပါး ကြွရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။ Eleven Media Group ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းလှူဒါန်းသည့် ကထိန်လှူဒါန်းဖွယ်ရာ ဝတ္ထုပစ္စည်းများကိုလည်း ပင့်သံဃာတော် ၄၀ ပါးက အလှူခံတော်မူခဲ့ကြောင်း သိရသည်။
ကြွရောက်လာသည့် သံဃာတော်များအား အာရုံဆွမ်းနေ့ဆွမ်းနှင့် အချိုပွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွာနီးချုပ်စပ်မှ လာရောက်ကြသည့် ဧည့်ပရိသတ်များကိုလည်း စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ အဆိုပါ သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group နှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်အလှူတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် သံဃာတော်များနှင့်ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ထပ်မံကြုံတွေ့လာရပါက လေမိုးလုံစွာ နေထိုင်နိုင်ရန် ရည်ရွယ်ပြီး ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ သံကူကွန်ကရစ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။ ထို့ပြင် Eleven Media Group က ကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တော်အပါအဝင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် သိမ်တော်တစ်ဆောင်ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
