မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်ပွဲအခမ်းအနားကို ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့် ၁၅ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၊ ၁၅ ရက်) နံနက်ပိုင်း ၆ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြသည်။
တန်ဆောင်မုန်းလဆန်း (၁၄) ရက်တွင် စတင်ရက်လုပ် ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းအချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။
မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ရာတွင် (အလျား ၁၈ တောင်အနံ ၁၆ တောင် အုတ်ကွက်တော် ၅၈၉ ကွက် အခန်း ၃၁ ခန်း) ရှိသော (ဧကသီမြတ်သင်္ကန်းတော်) အား ရေကြည်ပေါက်ကျေးရွာ ရက်ကန်းပညာရှင်အဖွဲ့မှ၄င်း ၊ (အလျား ၈ ပေ အနံ ၅ တောင်) ရှိသော (သင်းပိုင်တော်မြတ်သင်္ကန်း) အား အုန်းတောကျေးရွာ ရက်ကန်းပညာရှင်အဖွဲ့မှ၄င်း (အလျား ၇ ပေခွဲ အနံ ၃ ပေ) ရှိသော (တဘက်တော်မြတ်သင်္ကန်း) အား အင်းလေးဒေသ ရက်ကန်းပညာရှင်အဖွဲ့မှ၄င်း ရက်လုပ်ပူဇော်ကြပြီး ကိုးလုံးတကာ စက်ချုပ်ပညာရှင်အဖွဲ့ မှ ချုပ်လုပ်ပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် တဘက်တော်နှင့် မသိုးမြတ်သင်္ကန်းတော်များအား ရက်ကန်းပညာရှင်အဖွဲ့နှင့် စက်ချုပ်ပညာရှင်အဖွဲ့တို့၏ ကိုယ်စား ခေါင်းဆောင်( ၃ )ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခြင်း၊ တဘက်တော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများက ကိုင်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခြင်း၊ သင်းပိုင်သင်္ကန်းတော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းမှူး၏ ဇနီးနှင့်အဖွဲ့တို့က ကိုင်ဆောင်၍ လက်ယာရစ် လှည့်လည်ပူဇော်ခြင်း၊ ဧကသီသင်္ကန်းတော်ကို မဟာမုနိဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့(၃)ဦး၊ ရက်ကန်းပညာရှင်နှင့် စက်ချုပ်ပညာရှင်အဖွဲ့တို့၏ ခေါင်းဆောင်(၃)ဦးတို့က ကိုင်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခြင်း၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများက မသိုးမြတ်သင်္ကန်းတော်ကို လွှမ်းခြုံကပ်လှူ ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရက်ကန်းပညာရှင်အဖွဲ့နှင့် စက်ချုပ်ပညာရှင်အဖွဲ့ တို့အား ဆုတော်ငွေနှင့် ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြပြီး၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့တို့ကိုလည်း ဆုတော်ငွေနှင့် ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြသည်။
မသိုးသင်္ကန်းသည် နေ့ရက်မကူးစေဘဲ တစ်ရက်အတွင်း ပြီးအောင်ရက်လုပ်သော သင်္ကန်းဖြစ်ကြောင်း၊ ကထိန်ကာလ၏ နောက်ဆုံးရက်ဖြစ်သော တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်သာ မသိုးသင်္ကန်းကို ရက်ကာ တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်မတက်မီ အပြီးရက်ပြီး လှူဒါန်းရကြောင်း၊ ထိုနေ့မှလွန်လျှင် ပုပ်သိုးမည်၊ တစ်နည်းအားဖြင့် အသုံးပြုခွင့် မရှိတော့ဟူသော သဘောရှိကြောင်း၊ တန်ဆောင်တိုင်ပွဲတော်သည် မီးထွန်းပွဲ၊ကထိန်ပွဲ၊ မသိုးသင်္ကန်းကပ်လှူပွဲ၊ ပျော်ပွဲရွှင်ပွဲပေါင်းစုံကြောင်း သိရှိရပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
