မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိကျင်းပသည့် ဗီယက်နမ် International Series ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရသော်လည်း Bye ရသဖြင့် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ သက်ထားသူဇာသည် ဒုတိယအဆင့်တွင် တရုတ်တိုင်ပေကြက်တောင်အားကစားမယ် ဟန်ယုချင်နှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။
သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၅ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားနိုင်ငံသူ ပရာတီဝီနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၅ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၁ မှတ် ဖြင့် နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သည်။
သက်ထားသူဇာသည် စက်တင်ဘာတွင် တရုတ်နှင့် နီးစပ်ရာနိုင်ငံများ၌ ကျင်းပသည့် BWF ပြိုင်ပွဲလေးခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နောက် တစ်လကျော် ပြိုင်ပွဲယှဉ်ပြိုင်မှုရပ်နား ကာ နိုဝင်ဘာဒုတိယပတ်မှ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သက်ထားသူဇာ သည် အိုလံပစ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီးနောက် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲတွင်လည်း ဆက်လက်ယှဉ် ပြိုင်ခွင့်ရရန် ပစ်မှတ်ထားနေသဖြင့် BWF ပြိုင်ပွဲများတွင် ပုံမှန်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရှိကမ္ဘာ့ အဆင့်ရပ်တည်မှုတွင် အဆင့် ၅၆ နေရာ ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
