ဂျော်ဂျီယာ - ယူကရိန်း (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် ည ၁၁:၃၀ နာရီ)
ဂျော်ဂျီယာက ဥရောပရဲ့အသင်းကောင်းစာရင်းထဲကို တိုးဝင်လာတယ်။ ယူကရိန်းကွင်းမှာတုန်းက ယူကရိန်းအနိုင်ရခဲ့ပေမယ့် ဒီပွဲကတော့ ဂျော်ဂျီယာရဲ့ကွင်းပါ။ အိမ်ကွင်းမှာ ချက်ကို ဂိုးပြတ်သွင်းထားတဲ့ခြေနဲ့ဆို ယူကရိန်းကိုလည်း နိုင်တယ်။
တူရကီ - ဝေးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် ည ၁၁:၃၀ နာရီ)
တူရကီက အုပ်စုကို ဦးဆောင်နေတဲ့ အသင်းဖြစ်သလို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် (၂) ပွဲစလုံးကိုလည်း အနိုင်ကစားထားတာကို တွေ့ရတယ်။ ဝေးလ်စ်က အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်သလို တူရကီကို ကျော်တက်ဖို့အတွက် ခြိမ်းခြောက်နေတဲ့အသင်းလည်းဖြစ်တယ်။ ဝေးလ်စ်အသင်းရဲ့ ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာတော့ ဂိုးမရှိသရေကျထားတယ်။ ဒီပွဲမှာတော့ တူရကီအိမ်ကွင်းဖြစ်နေပြီး တူရကီပဲ နိုင်လိမ့်မယ်။
ဂျာမနီ - ဘော့စနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
ဂျာမနီက အုပ်စုဗိုလ်နေရာအတွက် သေချာနေတဲ့အသင်းဖြစ်ပြီး ဘော့စနီးယားကလည်း တန်းဆင်းဖို့ များနေပါပြီ။ League B ကနေ တန်းတက်လာခဲ့တဲ့ ဘော့စနီးယားအသင်းအနေနဲ့ နေရာမှန်ကို ပြန်သွားရမှာပဲ။ League A မှာတော့ ဘော့စနီးယားရဲ့ ခြေအဆင့်အတန်းက နိမ့်လွန်းပါတယ်။ ပထမအကျော့ အိမ်ကွင်းမှာတုန်းက ဂျာမနီကို (၁-၂) နဲ့ ကပ်ရှုံးခဲ့တာ ချီးကျူးစရာဆိုပေမယ့် အခုပွဲမှာတော့ ဂျာမနီ ဂိုးပြတ်သွင်းမယ်။
နယ်သာလန် - ဟန်ဂေရီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
နယ်သာလန်က League B အတွက် စိတ်ပူစရာမလိုတဲ့ အနေအထား ဖြစ်သလို၊ ဒီအုပ်စုမှာလည်း အုပ်စုဗိုလ်နေရာ မှန်းလို့မရတော့ဘူး။ ဂျာမနီနဲ့ အမှတ်ကွာပါတယ်။ ဒါပေမဲ့ ကွာတားဖိုင်နယ်အတွက်ကတော့ နယ်သာလန်နဲ့ ဟန်ဂေရီက တစ်နေရာ အပြိုင်လုရမယ့် အသင်းတွေပါ။ ဟန်ဂေရီကွင်းမှာ (၁-၁) ဂိုးစီ သရေကျခဲ့ဖူးပြီး၊ လက်ရှိလည်း (၅) မှတ်စီ တူနေကြတယ်။ ဒီပွဲမှာတော့ နယ်သာလန် (၃) မှတ်ယူပါလိမ့်မယ်။
အယ်လ်ဘေးနီးယား - ချက် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
အုပ်စုကျပ်ထဲမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အယ်လ်ဘေးနီးယားက အုပ်စုဗိုလ်နေရာက ချက်ကိုပါကျော်တက်နိုင်ဖို့ အခွင့်အရေးရှိနေတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ အယ်လ်ဘေးနီးယားကို ပိုကြိုက်တယ်။
ဆွီဒင် - ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
ဆွီဒင်က League C အထိ ရောက်နေချိန်မှာတော့ ပြိုင်ဘက်အသင်း တော်တော်များများက ဆွီဒင်အတွက် လွယ်ကူပါတယ်။ ဒါပေမဲ့ ဆလိုဗက်ကီးယားက ဆွီဒင်နဲ့အပြိုင် အမှတ်ယူထားတဲ့အသင်းဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက် ပြိုင်ဘက်လည်း ဖြစ်နေတယ်။ ဆွီဒင်အတွက် ဒီပွဲက မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲပါ။ ပထမအကျော့တုန်းက ဆလိုဗက်ကီးယားကွင်းမှာ (၂-၂) ဂိုးစီ သရေကျခဲ့ပေမယ့် ဒီပွဲကတော့ ဆွီဒင်အတွက် ဖြစ်လိမ့်မယ်။
■ အခြားပွဲစဉ်များ
အဇာဘိုင်ဂျန် - အက်စတိုနီးယား* (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် ည ၈:၃၀ နာရီ)
*မွန်တီနီဂရိုး - အိုက်စလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် ည ၁၁:၃၀ နာရီ)
အန်ဒိုရာ - မော်လ်ဒိုဗာ* (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် ည ၁၁:၃၀ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
