ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာ ကျောက်တန်းတွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့ပြီး ယင်းသည် အရောင်အသွေးစုံလင်ပြီး ကြီးမားသည့် သက်ရှိသန္တာကောင်အသိုက်အအုံတစ်ခုကို ရှာဖွေတွေ့ရှိမှုဖြစ်သည်။
အဆိုပါ သန္တာကျောက်တန်းသည် အလွန်ကြီးမားပြီး ဆော်လမွန်ကျွန်း၏ ကြည်လင်သည့်ရေ အောက်တွင်တည်ရှိကာ သိပ္ပံပညာရှင်များက ထိုသန္တာကျောက်တန်းကို ကြီးမားသည့် သင်္ဘောအပျက်တစ်စီးအဖြစ် အစောပိုင်းက တွေးထင်ခဲ့ကြသည်။
“ကမ္ဘာပေါ်မှာ စူးစမ်းလေ့လာစရာဘာမှ မကျန်တော့ဘူးလို့ ကျွန်တော်တို့ တွေးတောနေချိန်မှာပဲ အရောင်အ သွေးစုံလင်ပြီး ကြီးမားတဲ့ သက်ရှိသန္တာကျောက်တန်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု အဏ္ဏဝါဂေဟဗေဒပညာရှင် အန်းနရစ် ဆာလာက ပြောကြားခဲ့သည်။ ထိုသန္တာအစုအဖွဲ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ခန့်က ကြီး ထွားလာခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ယခုတွေ့ရှိသည့် သန္တာကျောက်တန်းသည် အကျယ် ၃၄ မီတာ (၁၁၁ ပေ)နှင့် အရှည် ၃၂ မီတာ (၁၀၄ ပေ)ရှိပြီး ယခင်ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းအဖြစ် စံချိန်တင်ထားသည့် အမေရိကန်ဆာ မိုအာကျွန်းရှိ Big Momma အမည်ရှိ သန္တာ ကျောက်တန်းထက် သုံးဆခန့်ပိုမိုကြီးမားကြောင်း သုတေသီများက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
