ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အရှေ့ဖက်ကမ်း မန်ကျည်းစဉ်ရွာတွင် တည်ရှိသော Inle Princess Resort တွင် နိုဝင်ဘာ ၁၅ ရက် ည(၇)နာရီ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁၅)ရက် ည(၇)နာရီအချိန်ခန့်က ဟိုတယ်တွင် မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ဝိုင်းဝန်း ကူညီ၍ မီးငြိမ်းသတ်ကြရခြင်း ဖြစ်ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်စဉ်ကို အကြောင်းအရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်ကို ဟိုတယ်အနီး ကျေးရွာသားများ၊ ဒေသခံများ၊ အနီးနားကျေးရွာများရှိ ဒေသခံများနှင့် နန်းပန်မီးသတ်အဖွဲ့တို့ ဝိုင်းဝန်းငြိမ်းသတ်သဖြင့် ည(၈)နာရီခွဲအချိန်ခန့်မှာ မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
အဆိုပါ Inle Princess Resort ဟိုတယ်သည် သစ်သားတိုင်များကို ရေနံချေး သုတ်ထားသော ဟိုတယ် အဆောင်အခန်းလေးများ ဖြစ်ပြီး၊ ယခင် လွန်ခဲ့သော (၈) နှစ်ကလည်း တစ်ကြိမ် မီးလောင်မှု ကြုံဖူးကြောင်း သိရှိသူ တစ်ဦးက ပြောပြသည်။
ဟိုတယ် Dining room အဆောင်မကြီးပေါ် မီးပုံပျံပြုတ်ကျခြင်း ဖြစ်ကြောင်း နီးစပ်သူများက ပြောပြကြသော်လည်း ၊ မီးပုံးပျံကြောင့် မီးလောင်ခြင်း ဟုတ် မဟုတ် ဖြစ်စဉ်ကို အတည်ပြုနိုင်ရန် ခက်ခဲနေသေးကြောင်း ဒေသခံက ဆိုသည်။ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
■PHOTO - CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
