ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် နိုဝင်ဘာလ ၁၁ ရက် မှ စတင် ကျင်းပလျက်ရှိသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများ လာရောက်လည်ပတ်လျက်ရှိကြကြောင်း သိရသည်။
မီးပုံးပျံပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ပြည်သူများပြားလွန်းလှပြီး ပွဲတော်သို့ လာရောက်ကြသည့် မော်တော်ယာဉ်များ ပွဲတော်အတွင်းသို့ရောက်ရှိရန် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
“ မီးပုံးပျံပွဲတော်ကတော့ မကြုံစဖူးကို စည်တာပါ။ ကွင်းတစ်ကွင်းလုံး ပရိသတ်တွေ အပြည့်ပဲ။ ကားတွေဆိုလည်း ကားရပ်နားကွင်းမှာလည်းပြည့်နေလို့ လမ်းတွေပေါ်မှာအထိ ရပ်ထားခိုင်း ရတဲ့အထိ စည်တယ်။ ယာဉ်ဝင်ခွင့်ကတ်မပါတဲ့ မော်တော်ယာဉ်တွေကတော့ ပုဂ္ဂလိက ကားရပ်နား စခန်းတွေမှာရပ်ကြပြီး ကားရပ်နားခက တစ်ညကို သုံးသောင်းလောက်အထိ ပေးရတယ်လို့ ပြောကြတယ်။” ဟု မီးပုံးပျံပွဲတော်သို့ သွားရောက်လည်ပတ်သူဒေသခံတစ်ဦးကဆိုသည်။
ပွဲတော်တွင် နေ့ခင်းဘက်၍ နေ့လွှတ်အရုပ်များ လွှတ်တင်ကြပြီး ညပိုင်းတွင် ညမီးကြီး ၊ စိန်နားပန်မီးပုံးပျံများ လွှင့်တင်ခဲ့ကြကြောင်း သိရသည်။
“ ညပိုင်းကတော့ လူပိုစည်တယ်။ တကယ့်ကို လူတွေတိုးမပေါက်အောင်ဘဲ။ စတိတ်ရှိုး ဆိုလည်း တော်တော့်ကိုစည်တာ။ ညပိုင်းမှာတစ်ညကို မီးပုံးပျံက ခုနှစ်လုံးလောက်လွှတ်တာ ။ ကွင်း ပြင်ထဲမှာ လာထိုင်ကြည့်ကြသူတွေ ၊တောင်စောင်းတွေမှာ နေရာယူပြီး ကြည့်ကြသူတွေနဲ့ ပြည့်နေ တာပဲ။” ဟု ပွဲကြည့်ပရိသတ်တစ်ဦးကပြောသည်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်ထိ အဝေရာ ကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး စုစုပေါင်းအလုံးရေ ၅၀၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ စုပေါင်းမဟာ ဘုံကထိန်လှည့်လည်ပွဲ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲများလည်း ကျင်းပသွားမည် ဖြစ်ကြောင်းသိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
