ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကိုခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် ဟာလန်း နှင့် ယိုကယ်ရက်စ်ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူး များကို ခေါ်ယူရန် အနီးကပ်စောင့်ကြည့်နေသည့် သတင်းများအား ဒေကိုက ပယ်ချခဲ့ပြီး ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးရှိနေသဖြင့် နံပါတ် ၉ နေရာအတွက် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဘာစီလိုနာအခြေ စိုက် စပိန်နိုင်ငံထုတ် El Mundo Deportivo သတင်းစာနှင့်တွေ့ဆုံစဉ် အနာဂတ်အပြောင်းအရွှေ့အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများကို ဒေကိုက ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ပထမဆုံးအနေနဲ့ ဟာလန်းဟာ အနာဂတ်မှာ ကျွန်တော်တို့လိုချင်တဲ့ကစားသမား ဟုတ်မဟုတ်ဆိုတာ သိထားရပါမယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ ဒါကိုမသိနိုင်သေးဘူး။ အခုလောလောဆယ် ကျွန်တော်တို့ နံပါတ် ၉ ကို မလိုအပ်သေးဘူး။ ကျွန် တော်တို့မှာ ရောဘတ် (လီဝန်ဒေါစကီး) ရှိပါတယ်။ နံပါတ် ၉ နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ အဲဒါက ဦးစားပေးကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရာသီကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားရမှာဖြစ်လို့ပါ။ ယိုကယ်ရက်စ်က ကစားသမားကောင်းတစ်ယောက်ပါ။ သူက ပေါ်တူဂီမှာ အချိန်တစ်ခုကြာအောင် ဂိုးတွေသွင်းနေခဲ့တယ်။ တခြားသူတွေသိသလိုမျိုး ကျွန်တော်တို့လည်း သူ့ကိုသိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဒါက ကျွန်တော်တို့အတွက် ဦးစားပေးကိစ္စမဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ချရမယ့်အချိန်ရောက်လာရင် ကျွန်တော် ဒါကိုလုပ်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းမှာ အဲဒီလိုလုပ်ရသူတစ်ယောက် ဖြစ်လို့ပါ။ ရွေးချယ်စရာတွေကို ကျွန်တော်တို့ ဆုံးဖြတ်ရပါမယ်။ ဒါပေမဲ့ ဘယ်ကစားသမားနဲ့မှ စကားပြောဖို့ အချိန်တန်ပြီလို့ ကျွန်တော် မထင်ပါဘူး" ဟု ဒေကိုက ဆိုသည်။
ထို့ပြင် ဘီလ်ဘာအိုအသင်း တောင်ပံကစားသမား နီကိုဝီလီယံကို နွေရာသီတွင် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က နူးကမ့်သို့လာရောက်ရန် စိတ်မဝင်စားသဖြင့် ယင်းအပြောင်းအရွှေ့ကို ထပ်မပြောလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"နွေရာသီတုန်းက ကျွန်တော်တို့ နီကို ကို စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကစားသမားက ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ ဘဝဆိုတာ ရှေ့ဆက်သွားနေတာပါ။ ကစားသမားက လာဖို့စိတ်မဝင်စားကြောင်း ပြသတဲ့ အခိုက်အတန့်မှာ အဲဒီအကြောင်းကို ကျွန်တော်တို့ ထပ်မပြောတော့ပါဘူး။ ဦးစားပေးဖြစ်တဲ့ ဒန်နီအော်လ်မိုကို ကျွန်တော်တို့ခေါ်ယူခဲ့တာပါ"ဟု ဒေကိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
