အုတ်တွင်းမြို့နယ်တွင် မွေးစားမိဘနှစ်ဦးမှ ရေနွေးပူဖြင့် လောင်း၊လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်တွင် ကျောက်ကပ်နှင့်အသည်းရောင်နေကြောင်း ကလေးငယ်ကို ကူညီစောင့်ရှောက်နေ သည့် Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက ပြောကြားသည်။
“မီးငယ်လေးက ဖျားလို့ဆေးရုံတက်ရင်းနဲ့ ဆေးစစ်ချက်တွေအရ ကျောက်ကပ်နဲ့ အသည်းရောင်နေသလို အဆုတ်လည်းမကောင်းပါဘူး။ လူမဆန်တဲ့နှိက်စက်မှုနဲ့ သေစေလိုတဲ့ အထိယုတ်မာခဲ့တာကြောင့် ဆေးရုံရက်ရှည်တက်ရပါမယ်။ လက်ရှိအမှုရင်ဆိုင်ဆဲဖြစ်သလိုကလေးကို လည်းဆေးရုံမှာကုသပေးနေဆဲပါ” ဟု ကိုကျော်သူရက ပြောကြားသည်။
အုတ်တွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးနှစ်အရွယ်ကလေးငယ်ကို ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်မှုမှ လင်မယားနှစ်ဦးကို ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားသည်။
အမှုကို နိုဝင်ဘာ ၇ ရက်တွင် တရားရုံး၌ စစ်ဆေးခဲ့ပြီး ဥပဒေအရာရှိ အပြောင်းအလဲကြောင့် နိုဝင်ဘာ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
အမှုဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် တင်ဇော်ဝင်းဆိုသူက ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားခဲ့ကြောင်း၊ ကလေးငယ်၏ မိဘအရင်းမှာ ကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ ဆင်းရဲသဖြင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာ တောင်ငူဆေးရုံ သို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကို အဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုကျော်သူရက ပြောကြားသည်။
“ကလေးဆေးရုံက ဆင်းလာတဲ့အချိန် အဘိုးအဘွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗရပွနဲ့ပါ။ ကလေးရောဂါကိုတော့ မိသားစုကဆေးမြီးတိုနဲ့ ဆက်ကုပါတယ်။ ကလေးညအိပ်တော့ မိန်းမကိုယ်က အောင့်တယ်ပြောလို့ ကြည့်တော့ရောင်ကိုင်းနေတာကိုတွေ့တယ်။ ဆက်မေးတော့ မွေးစားအဖေကအိမ်မှာ တစ်ခါ၊ တောထဲမှာတစ်ခါ လုပ်တယ်ပြောပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး မျက်နှာကို ဓားနဲ့ခုတ်တယ်။ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်တယ်။ လက်ကို မီးနဲ့ရှို့တယ်။ ထမင်းအငတ်ထားတယ်။ မျက်နှာကိုလက်သီးနဲ့ထိုးလို့ သွားတွေကျိုးပြီး သွားဖုံးတွေ ကွဲသွား တယ်”ဟု ကိုကျော်သူရက ပြောကြားသည်။
ယင်းနောက် အဘိုးဖြစ်သူက သက်ဆိုင်ရာကို တိုင်ကြားရန်မြို့ပေါ်သို့ မြေးအဘိုးနှစ်ဦး အတူလာရောက်ခဲ့ကြောင်း၊ မိတ်ဆွေတစ်ဦးထံ အကူအညီတောင်းရန် လာရောက်စဉ် မိုးချုပ်သွားသဖြင့် Save The Trees Recuse Team အဖွဲ့ရုံးသို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ပို့ဆောင်ပေးခဲ့ကြောင်း၊ လတ်တ လောတွင် မြေးအဘိုးနှစ်ဦးကို ကူညီစောင့်ရှောက်ထားကြောင်း၊ ကျူးလွန်သူ တင်ဇော်ဝင်းဆိုသူနှင့် ဇနီးဖြစ်သူကို သက်ဆိုင်ရာက ဖမ်းဆီးကာ တရားရုံးသို့ တင်ပို့ကာစစ်ဆေးနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
