တန်ဆောင်မုန်းလပြည့်ညက ပံ့သကူကောက်သူအချို့ ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများရှိကြောင်း ရန်ကုန်မြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။
နိုဝင်ဘာ ၁၅ ရက် ည ၉ နာရီတွင် ရွှေပြည်သာ စက်မှုဇုန် ပုလဲလမ်းပေါ်တွင် ပံသကူပစ်သည့် ပိုက်ဆံကို လိုက်ကောက်ရာမှ အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည်ဟုကနောင်နာရေးရှင်ရေးကူညီမှုအသင်းမှ သိရသည်။
ရွှေပြည်သာစက်မှုဇုံ ၄ ပုလဲလမ်းပေါ် ၌ အသက် ၄၀ အရွယ် ဒေါ်အေးသန္တာ ဆိုသည့်အမျိုးသမီးမှာ မော်တော်ယာဉ်ပေါ်မှ ကြဲချသည့် ပံသကူ ပိုက်ဆံကို လိုက်ကောက်ရာမှ အဌားယာဉ်တစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်ခံရသည့်အမျိုးသမီးကို ကနောင်နာရေးရှင်ရေးကူညီမှုအသင်းမှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်ဟု သိရသည်။
" ကားပေါ်က ကြဲသွားတဲ့ပိုက်ဆံကို လိုက်ကောက်တာ။ နောက်က မောင်းလာတဲ့ အဌားယာဉ်က တိုက်မိသွားတာ။ ကလေးတွေလည်းပါတယ်။ ကလေးတွေတော့ မတိုက်မိလိုက်ဘူး" ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အလားတူ စမ်းချောင်းမြို့နယ် ဗဟိုလမ်း ဝေဠုဝန်လမ်းကျယ်တွင် ပံ့သကူပိုက်ဆံကြဲသည်ကို လုကောက်ရာမှ အမျိုးသားတစ်ဦ ချော်လဲကာ ခေါင်းကွဲခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားမှာ ချော်လဲခဲ့သဖြင့် ဦးခေါင်းနောက်စေ့တွင် ခြောက်လက်မခန့်ကွဲကာ သွေးထွက်လွန်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် မရမ်းကုန်းမြို့နယ်တွင်လည်း မော်တော်ယာဉ်ပေါ်မှ ကြဲချသည့် ပိုက်ဆံကို လိုက်ကောက်ရာမှ အမျိုးသမီးတစ်ဦး မော်တော်ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည်ဟု အဆိုပါမြို့နယ်တွင် နေထိုင်သူအချို့ထံမှ သိရသည်။
အင်းစိန်မြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက်ည ၁ နာရီခန့်က ပံ့သကူကောက်နေသည့် ကလေးငယ်တစ်ဦး ဆိုင်ကယ်တိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း တန်ဆောင်မုန်းလပြည့်ညတွင် မော်တော်ယာဉ်ပေါ်မှ ပံ့သကူပစ်သည့် ပိုက်ဆံကို လိုက်ကောက်ရာမှ မော်တော်ယာဉ်တိုက်မိမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
