နည်းပြသစ်ဖြစ်သူ အမော်ရင်သည် ၎င်းနှင့်လက်တွဲမည့် နည်းပြအဖွဲ့ဝင်ငါးဦး ခန့်အပ်လိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုကြေညာခဲ့သည်။
ယခုခန့်အပ်ခဲ့သည့် နည်းပြအဖွဲ့ဝင် ငါးဦးမှာ စပို့တင်းလစ္စဘွန်းအသင်း၌ အမော်ရင်မ်နှင့် လက်တွဲခဲ့ဖူးသူများဖြစ်သည်။ ၎င်းတို့ ငါးဦးမှာ အသက် ၂၉ နှစ်သာရှိသေးသည့် အမော်ရင်မ်၏ ညာလက်ရုံး လက်ထောက်နည်းပြချုပ် ဖာနန်ဒက်စ်၊ ပထမအသင်း ဂိုး နည်းပြ ဗီတဲလ်၊ ပထမအသင်းနည်းပြ ကန်ဒီဒိုနှင့် ဖာရို၊ ကြံ့ခိုင်ရေးစွမ်းဆောင်မှုနည်းပြ ဘာရေရာတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ အနေဖြင့် အသင်း၌ရှိနှင့်ပြီးဖြစ်သည့် ပထမအသင်းနည်းပြအဖွဲ့ဝင် ဖလက်ချာ၊ ဂျော့ချ် ဆန်၊ ပထမအသင်း လက်ထောက်ဂိုးနည်းပြ မော်ဆန်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မန်ယူအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန်ယူအသင်းသည် ပြိုင်ပွဲစုံ၌ ရလဒ်မကောင်းဘဲ ရုန်းကန်နေရသဖြင့် ဒတ်ချ်နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်ကို အောက်တိုဘာ ၂၈ ရက်တွင် ရာထူးမှထုတ်ပယ်ခဲ့သည်။ ၎င်း၏နေရာတွင် အသက် ၃၉ နှစ်သာရှိသေးသည့် စပို့တင်းလစ္စဘွန်းအသင်း၏ ပေါ်တူဂီ လူငယ်နည်းပြ အမော်ရင်မ်ကို အစားထိုးခန့် အပ်ခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုထားသည်။
ယခုရာသီအစတွင် တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရပြီး နည်းပြလစ်လပ်နေစဉ် ယာယီတာဝန်ယူကိုင်တွယ်ခဲ့သည့် နစ္စတယ်ရွိုင်းကိုမူ အမော်ရင်မ်က နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းမရှိသဖြင့် လမ်းခွဲလိုက်ပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
