၂၀၂၄-၂၀၂၅ UEFA Nations League ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်သို့ အုပ်စု A1 မှ ပေါ်တူဂီအသင်းနှင့် အုပ်စု A3 မှ နယ်သာလန်အသင်းတို့ ထပ်မံတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်တွင် အုပ်စု A1 နှင့် A4 ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီး ပေါ်တူဂီအသင်းက ပိုလန်အသင်းကို အိမ်ကွင်း၌ (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင် အုပ်စု A3 ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး နယ်သာလန်အသင်းက ဟန်ဂေရီအသင်းကို အိမ်ကွင်း၌ (၄-၀) ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ ထပ်မံတက်ရောက်ခွင့်ရခဲ့သည်။
ပွဲစဉ် ၅ အပြီး အုပ်စု A1 တွင် ပေါ်တူဂီ အသင်းက ၁၃ မှတ်ဖြင့် ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သလို အုပ်စုပထမနေရာကိုပါ ရယူနိုင်ရန် သေချာသွားပြီဖြစ်သည်။ ခရိုအေးရှားအသင်းမှာမူ စကော့တလန်ကို ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရတော့မည်ဖြစ်ပြီး ခုနစ်မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပိုလန်နှင့် စကော့တလန်အသင်းက လေးမှတ်စီရရှိထားပြီး အုပ်စုနောက်ဆုံးပွဲ ရလဒ်အပေါ်မူတည်၍ ပိုလန်အသင်းမှာ ကွာတားဖိုင်နယ်တက်ခွင့် ဒုတိယနေရာကို မျှော်မှန်းနိုင်သေးကြောင်း သိရသည်။
အုပ်စု A3 တွင် လက်ကျန်တစ်ပွဲကစားရန် ကျန်ရှိနေသော်လည်း အသင်းလေးသင်းစလုံး၏ရပ်တည်မှု အဖြေထွက်ပေါ်သွားပြီ ဖြစ်သည်။ ဂျာမနီအသင်းက ၁၃ မှတ်ဖြင့် အုပ်စုပထမ၊ နယ်သာလန်အသင်းက ရှစ်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ League B သို့ တန်းမဆင်းရန် Play-offs ကစားရမည့် တတိယနေရာကို ဟန်ဂေရီအသင်းက ငါးမှတ်ဖြင့်ရရှိပြီး ဘော့စနီးယားအသင်းမှာမူ တစ်မှတ်ဖြင့် League B သို့ တန်းဆင်းရတော့မည်ဖြစ်သည်။
ဘော့စနီးယားအသင်းကို အိမ်ကွင်း၌ ခုနစ်ဂိုးပြတ်သွင်းယူခဲ့သည့် ဂျာမနီအသင်း၏ အနိုင်ရလဒ်မှာ Nations League ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ ဂျာမနီအသင်းအတွက် ဂိုးများကို ပွဲအစ နှစ်မိနစ်တွင် မူဆီ ယာလာ၊ ၂၃၊ ၇၉ မိနစ်တွင် ကလိုင်းဒစ်၊ ၃၇ မိနစ်တွင် ဟာဗက်ဇ်၊ ၅၀၊ ၅၇ မိနစ်တွင် ဗက်ဇ်၊ ၆၆ မိနစ်တွင် ဆာနေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
