အင်္ဂလန် - အိုင်ယာလန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)
အင်္ဂလန်က အဓိက ကစားသမားတွေအများကြီး နုတ် ထွက်ထားတယ်။ ဒါပေမဲ့ တောင့်တင်းတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့နေရဆဲပါ။ အိုင်ယာလန်ကလည်း ကစားသမားကောင်း တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ်ကစားသမားအများစု ပါဝင်နေတာ တွေ့ရတယ်။ ဒီပွဲက လီကာစလေရဲ့ နောက်ဆုံးပွဲလည်းဖြစ်လာမှာပါ။ အင်္ဂလန် ပဲ အနိုင်ရမယ်။
ဖင်လန် - ဂရိ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ဂရိက ဒီပွဲမတိုင်ခင် အင်္ဂလန်နဲ့ ကစားထားရတယ်။ အင်္ဂ လန်ကို နိုင်ထားရင် ဒီပွဲက ဂရိအတွက်အုပ်စုဗိုလ်သေချာပြီးသား ပါ။ အခြေအနေနဲ့ မတွက်ပဲ ခြေစွမ်းအရပဲ တွက်မယ်ဆိုရင်တော့ ဂရိပဲ နိုင်လိမ့်မယ်။
အစ္စရေး - ဘယ်လ်ဂျီယံ (တနင်္လာနံနက် ၂း၁၅ နာရီ)
ဘယ်လ်ဂျီယံက ကစားသမားကောင်းတွေအများကြီးကို ပိုင်ဆိုင်ထားပေမယ့် အီတလီ၊ ပြင်သစ်တို့ ပါဝင်နေတဲ့ အုပ်စုမှာ အစဉ်အလာကြီးမားတဲ့အသင်းကြီးတွေကို မကျော်နိုင်ခဲ့ဘူးပဲ ပြောရမယ်။ အစ္စရေးအသင်းက League A အဆင့်မဟုတ်သ လို၊ ဒီအုပ်စုမှာ ရောက်နေတော့ ပိုဆိုးပါတယ်။ ဘယ်လ်ဂျီယံပဲ နိုင် လိမ့်မယ်။
အီတလီ - ပြင်သစ် (တနင်္လာနံနက် ၂း၁၅ နာရီ)အီတလီနဲ့ ပြင်သစ်က ဒီပွဲမတိုင်ခင် ပွဲစဉ် ၅ မှာ ဘယ်လ် ဂျီယံနဲ့ အစ္စရေးတို့ကို အသီးသီး ကစားထားရမှာဖြစ်တယ်။ လက်ရှိ အနေအထားအရ ရလဒ်တွေကြိုမသိရသေးပေမယ့် ဘယ်လ်ဂျီယံမြေမှာသာ အီတလီက အရှုံးသို့မဟုတ် သရေ သာ ကစားခဲ့ပြီး ပြင် သစ်က အစ္စရေးကိုအနိုင်ကစားထားရင် ဒီပွဲမတိုင်ခင်မှာ ပြင် သစ်က ၁၂ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ထားပြီး အီတလီက ၁၁ မှတ် နဲ့ ဒုတိယနေရာ ဖြစ်နေမှာပါ။ ဒါဆိုရင် ဒီ ပွဲမှာ အီတလီက အုပ်စုဗိုလ် နေရာအတွက် မဖြစ်မနေ အနိုင် ရဖို့ လိုပါတယ်။ ပထမအကျော့ ပြင်သစ်မြေပေါ်က ပွဲမှာ အီတ လီအသင်းကစားသွားခဲ့တဲ့ ခြေစွမ်းက တော်တော်လေးကောင်း မွန်ခဲ့ပြီး ပြင်သစ်ကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ပြင်သစ်က နောက်ပိုင်းပွဲတွေမှာ အီတလီထက် ကစားပုံနဲ့ ရလဒ်ပိုကောင်း ခဲ့တာတွေ့ရတယ်။ သရေကျဖို့ပဲ များတယ်။
အခြားပွဲစဉ်များ
လတ်ဗီးယား - အာမေးနီးယား (တနင်္ဂနွေည ၈း၃၀ နာရီ)
မက်ဆီဒိုးနီးယား - ဖာရိုးကျွန်းစုများ (တနင်္ဂနွေည ၈း၃၀ နာရီ)
သြစတြီးယား - ဆလိုဗေးနီးယား (တနင်္ဂနွေည ၁၁း၃၀ နာရီ)
နော်ေ၀ - ကာဇက်စတန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
