မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီတွင် MNL ကလပ်အသင်းများအတွက် ပြိုင်ပွဲသုံးခု ကျင်းပပေးလျက်ရှိပြီး ယင်းပြိုင်ပွဲ သုံးခုစလုံးတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုရယူနိုင်ရန် အခြေအနေကောင်းနေကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ရာသီတွင် မြန်မာနေရှင်နယ်လိဂ် MNL ကလပ်အသင်းများ အတွက် MNL League Cup ပြိုင်ပွဲ၊ MNL အမှတ်ပေးပြိုင်ပွဲနှင့် MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပပေးနေခြင်းဖြစ်ပြီး MNL League Cup ပြိုင်ပွဲမှာ ကျင်းပပြီးစီးသွားပြီဖြစ်၍ ကျန်လိဂ်ပြိုင်ပွဲနှစ်ခု ဆက်လက်ကျင်းပလျက်ရှိသည်။
ရှမ်းယူနိုက်တက် အသင်းသည် ကျင်းပပြီးစီးသွားသည့် MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သလို လက်ရှိယှဉ်ပြိုင်နေသည့် လိဂ်ပြိုင်ပွဲ နှစ်ခုတွင်လည်း ပြိုင်ဘက်များကို ရမှတ်အသာဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL League Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နာမည်ကြီး ရန်ကုန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၃ အပြီးတွင် ရမှတ် ၃၇ မှတ်ဖြင့် ဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာမှ ဟံသာဝတီယူနိုက်တက်အသင်းကို ငါးမှတ်အသာဖြင့် ဦးဆောင်နေသည်။ ယင်းပြိုင်ပွဲ ပြီးဆုံးရန် ကိုးပွဲကျန်ရှိနေသေးသော်လည်း ရှမ်းယူနိုက်တက်အသင်း၏ လက်ရှိခြေစွမ်းနှင့် စွမ်းဆောင်ရည်၊ ကစားသမားအင်အား ပိုင်ဆိုင်မှု၊ နိုင်ငံခြားသားကစားသမား ငါးဦးအထိ ခေါ်ယူထားခြင်းနှင့် လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားအများအပြား ပိုင်ဆိုင်ထားခြင်းတို့ကြောင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။
ရှမ်းယူနိုက်တက် အသင်းသည် ယခုရာသီတွင် MNL အမှတ်ပေးချန်ပီယံဆု ထပ်မံရယူနိုင်ပါက စံချိန်သစ်များစွာ ထပ်မံတင်ရှိမည်ဖြစ်ပြီး ၂၀၂၀ ရာသီ ကတည်းက တင်ရှိထားသည့် ရှုံးပွဲမရှိစံချိန်မှာလည်း ယခုရာသီ ပွဲစဉ် ၁၃ အပြီးတွင် ၆၉ ပွဲအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ရှမ်းယူနိုက်တက်လူငယ်အသင်း သည် ၂၀၂၄ ရာသီ MNL ယူ-၂၀ လူငယ်လိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ရန် အခြေအနေ ကောင်းနေပြီဖြစ်ပြီး လက်ကျန်သုံးပွဲကစားရန် ကျန်ရှိသည့်အချိန်တွင် ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်းကို ခုနစ်မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်သုံးပွဲတွင် တစ်ပွဲအနိုင်ရရုံဖြင့် ချန်ပီယံဆုရယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်တွင်ကျင်းပမည့် ရတနာပုံအသင်းနှင့် ပွဲစဉ် ၂၄ မှာပင် ချန်ပီယံ အဖြေ ထွက်ပေါ်လာဖွယ်ရှိနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းပွဲအနိုင်ရပါက လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဖြစ်ခွင့်ရမည်ဖြစ်ပြီး အနိုင်မရပါက ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်း၏ ပွဲစဉ်ရလဒ် သို့ မဟုတ် လက်ကျန်ပွဲရလဒ်များ အပေါ်မူတည် ၍ ချန်ပီယံအဖြေ ထွက်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခု နောက်ပိုင်းရာသီများတွင် ပြည်တွင်းဘောလုံးလောကကို ကြီးစိုးထားပြီး စီနီယာအသင်းမှာ ပြည်တွင်းလိဂ်ပြိုင်ပွဲ နောက်ဆုံးခြောက်ရာသီတွင် ချန်ပီယံဆုကို ငါးကြိမ်အထိရယူနိုင်ခဲ့သလို စံချိန်မှတ်တမ်းများစွာ ပိုင်ဆိုင် ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
