ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် ကွင်းလယ်လူ အင်နီယေစတာသည် ဒိန်းမတ် တတိယတန်းကလပ် ဟယ်လ်ဆင်ဂေါ်အသင်း၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာကြောင်း သိရသည်။
အသက် ၄၀ ရှိပြီဖြစ်သူ အင်နီယေစတာ သည် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းတွင် ကစားသမားဘဝမှ အနားယူပြီးနောက် ပထမဆုံးခြေလှမ်းအဖြစ် ဟယ်လ်ဆင်ဂေါ် အသင်း၏ရှယ်ယာကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အင်နီယေစတာ တည်ထောင်ထားသည့် NSN အားကစားစီမံခန့်ခွဲမှုနှင့် အကြံပေးကုမ္ပဏီအနေဖြင့် ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှု အုပ်စုဖြစ်သည့် Stoneweg နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဟယ်လ်ဆင်ဂေါ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
ဟယ်လ်ဆင်ဂေါ်အသင်းသည် ၁၂ သင်း ပါဝင်သည့် ဒိန်းမတ်တတိယတန်းလိဂ်တွင် အဆင့် ၇ နေရာ ရပ်တည်နေသည်။
အင်နီယေစတာသည် ကစားသမားဘဝ နောက်ဆုံးအသင်းအဖြစ် ယူအေအီးကလပ် အမ်းမရိတ်စ်အသင်း၌ တစ်ရာသီကစားပြီး နောက် အနားယူခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
