အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများက စီစဉ်နေကြစဉ် စက်တင်ဘာ ၄ ရက်တွင် ပါလီမန်၌ လုပ်ဆောင်သော အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုကိုဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဝန်ကြီးငါးဦးက အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ်၊ ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဝီရာကူရ်နှင့် နောက်ထပ်ဝန်ကြီးလေးဦးတို့အား အယုံအကြည်မရှိအဆို တင်သွင်းထားမှုကို စက်တင်ဘာ ၄ ရက်တွင် လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ကြရာ၌ အဆိုအောင်မြင်မှုမရှိဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပရာယွတ်အား အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်အမတ် ၂၀၈ ဦးက ထောက်ခံမဲပေးခဲ့ကြပြီး လွှတ်တော်အမတ် ၂၆၄ ဦးက ကန့်ကွက်မဲပေးခဲ့ကြသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးအနုတင်နှင့် အခြားသောဝန်ကြီးလေးဦးမှာလည်း အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့ကြသည်။ အတိုက်အခံများအနေဖြင့် ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ရန်အတွက် အမတ်နေရာ ၄၈၂ နေရာရှိသော ပါလီမန်တွင် ထောက်ခံမဲ့ ၂၄၂ မဲ ရရှိရန် လိုအပ်သည်။
အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုပြီးနောက် ပရာယွတ်က ၎င်းအနေဖြင့် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှု ညံ့ဖျင်းခြင်း၊ စီးပွားရေးထိခိုက်မှုကြီးမားခြင်း၊ နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးနှံပေးမှု နှေးကွေးကြန့်ကြာခြင်း၊ ကာကွယ်ဆေးထောက်ပံ့မှုအစီအစဉ် COVAX အတွင်းသို့ မပူးပေါင်းရန် ဆုံးဖြတ်ခြင်းတို့နှင့် ပတ်သက်၍ လွှတ်တော်အမတ်များက ပရာယွတ်အစိုးရအဖွဲ့ကို ပါလီမန်၌ လေးရက်ကျော်ကြာ စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် လူဦးရေစုစုပေါင်း ၆၆ သန်းကျော်အနက် ၁၃ ရာခိုင်နှုန်းခန့်သာ COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံရသေးသည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုစတင် ဖြစ်ပွားခဲ့သော ပြီးခဲ့သည့်နှစ်မှစ၍ ထိုင်းတွင် လူ ၁.၂ သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၁၂,၁၀၃ ဦးရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက်သည် ယခုနှစ်ဧပြီလ နောက်ပိုင်းတွင် စတင်များပြားလာခဲ့ခြင်း ဖြစ်သည်။
ပရာယွတ်အစိုးရအဖွဲ့သည် ပါလီမန်၌ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို ကျော်လွှားနိုင်ခဲ့သည်မှာ သုံးကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ယခုတစ်ကြိမ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုသည် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများ၏ အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၃ ရက်တွင် ဘန်ကောက်မြို့၌ လူထောင်ပေါင်းများစွာပါဝင်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော စုဝေးဆန္ဒပြမှုများသည် အကြမ်းဖက်ဆန်သော ပဋိပက္ခအသွင်သို့ ပြောင်းလဲသွားခဲ့ကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့၊ ရေအမြောက်နှင့် ရော်ဘာကျည်များအသုံးပြု၍ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
