မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အီရီဝမ်ယူဆော့ဖ်သည် မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားသည်။
မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဒုတိယအကြိမ် ပြန်လည်ထမ်းဆောင်ခဲ့သည့်ဆိုင်ဖူဒင်က ၎င်းအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်အီရီဝမ်နှင့် စက်တင်ဘာ ၁ ရက်က မြန်မာ့အရေးနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်းနှင့် လာမည့် အောက်တိုဘာလတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ခရီးစဉ်အထမြောက်ရန် အသင့်တော်ဆုံးဖြစ်သည်ဆိုသည့် အချက်အပါအဝင် ၎င်း၏ထင်မြင်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
“အထူးကိုယ်စားလှယ်ဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံဆီ တတ်နိုင်သမျှ အမြန်ဆုံးလာရောက်နိုင်ရေးအတွက် အထူးကြိုးပမ်းအားထုတ်နေပါတယ်” ဟု ဆိုင်ဖူဒင်က စက်တင်ဘာ ၃ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) လည်းဖြစ်သည့် အီရီဝမ်သည် ဘုံသဘောတူညီချက်၏ နံပါတ်ငါးအချက်နှင့်အညီ မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းအများအပြားနှင့် တွေ့ဆုံခွင့် ရသင့်ကြောင်းလည်း ဆိုင်ဖူဒင်က အလေးပေးပြောဆိုခဲ့ကြောင်း သိရသည်။
“မြန်မာအာဏာပိုင်တွေက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်မပေးမှာကိုလည်း စိုးရိမ်မှုတချို့ရှိနေပါတယ်။ ဒါပေမယ့်လည်း အီရီဝမ်အနေနဲ့ သူ့ရဲ့ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံကို တစ်ကြိမ်မကသွားရောက်နိုင်ရေးအတွက် တတ်နိုင်သမျှအမြန်ဆုံး ကြိုးပမ်းသင့်ကြောင်း မိမိကပြောကြားခဲ့တယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံသို့ အကူအညီများပေးပို့မည့် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA) သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ အကူအညီများပေးပို့ရန် အဆင်သင့် မဖြစ်သေးသည့်အပေါ်တွင်လည်း စိုးရိမ်မိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါ အခြေအနေသည် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး စင်တာအတွက် ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်သကဲ့သို့ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အခက်အခဲများရှိနေသော်လည်း အကူအညီလိုအပ်ဖွယ်ရှိသူအားလုံးထံ လူသားချင်းစာနာမှုအကူအညီများ ပေးပို့နိုင်အောင် နည်းလမ်းရှာဖွေ ကြိုးပမ်းနေသည်ဟု ယူဆကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်ကို သြဂုတ် ၄ ရက် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အီရီဝမ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံကို လာရောက်သည့်အခါ သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝတွေ့ဆုံခွင့်ရရန် တောင်းဆိုထားသည်။
အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ တပ်မတော်ခေါင်းဆောင်များနှင့် အတိုက်အခံများအကြား စေ့စပ်ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်မှုများကို တာဝန်ယူကြီးကြပ်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
