ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီက eSports လောကသို့ ဝင်ရောက်ရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်က ဒစ်ဆယ်ဒေါ့ဖ်မြို့၌ကျင်းပသည့် အားကစားစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ရူမင်နစ်ဂီက ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
''eSports ကဏ္ဍကို ဝင်ရောက်ဖို့အတွက် ဘုတ်အဖွဲ့ဝင် တွေ မကြာခင် ဆွေးနွေးသွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ မူလစိတ်ကူး တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့က အဲဒီလို ပစ် ခတ်ရတဲ့ဂိမ်းတွေကို မနှစ်သက်လို့ ပါ''ဟု ၎င်းက ဆိုသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်တွင် eSports နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ဖူးပြီး ဥက္ကဋ္ဌ အူလီဟိုး နက်စ်က လူငယ်များအနေဖြင့် ဂိမ်းကစားခြင်းထက် လေ့ကျင့်ရေးကွင်း များ၌သာ လေ့ကျင့်သင့်ကြောင်း ပြောကြား၍ ပယ်ချခဲ့သည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ယခုရာသီမှစ၍ eSports လိဂ်ကိုပါ ကျင်းပလျက်ရှိပြီး ယင်းပြိုင်ပွဲ၌ ဘိုင်ယန်မြူးနစ်၊ ဒေါ့ မွန်နှင့် အသင်းအချို့သာ ပါဝင်ယှဉ် ပြိုင်ခြင်းမရှိဘဲ အများစုမှာ ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။
ရှော်လ်ကေးအသင်းမှာလည်း ပြီးခဲ့သည့်နှစ် က ဥရောပချန်ပီယံရှစ် League of Legends ဂိမ်းပြိုင်ပွဲ၌ ယူရိုရှစ်သန်း ရင်းနှီးမြှုပ်နှံထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
