မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစား များကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်သည်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအနေဖြင့် တရုတ်နိုင်ငံတွင် ရက်ပေါင်း ၁၈၀ (ခြောက်လ) အထိ နေထိုင်နိုင်မည့် ‘လန်ချန်း - မဲခေါင် ဗီဇာ’ ကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုဗီဇာသည် ငါးနှစ်သက်တမ်းရှိမည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ လာရောက်နိုင်သည့် Multiple Entry အမျိုး အစားဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးက ဆိုသည်။
အဆိုပါဗီဇာ လျှောက်ထားရာတွင် လိုအပ်ချက်နှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့၏ မိသားစု ဝင် များသာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ် မြောက် အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီချန်းက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖြစ် ‘လန်ချန်း-မဲခေါင် ဗီဇာ’ကို ထုတ်ပေး မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်း လည်းဖြစ်သည်။
‘လန်ချန်း-မဲခေါင် ဗီဇာ’ တွင် မြန်မာနိုင်ငံ အပါအဝင် လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့လည်း ပါဝင် ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
