ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးစျေးကွက် (FX Trading) တွင် စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များသို့ ဒေါ်လာ ၃၅ သန်းရောင်းချမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင် ဘာ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၇၅ ကျပ်ဖြင့် ဒေါ်လာ ၁၅ သန်းကျော်၊ ယွမ် ၁ ဒသမ ၅ သန်း ကျော်နှင့် ဘတ်သန်း ၁၀၀ ကျော်ထုတ်ရောင်းခဲ့သည်။
အောက်တိုဘာလတွင် နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဒေါ် လာ၊ ယွမ်၊ဘတ်ရောင်းချမှုအနေဖြင့် အောက် တိုဘာ ၂ ရက် တွင် ယွမ် ၁ ဒသမ ၂ သန်း ကျော် (၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာ ရှစ် သိန်းနီးပါး၊ယွမ် ၁ ဒသမ ၂ သန်း ကျော်နှင့် ဘတ်တစ်သန်းကျော် ၊ အောက် တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ် ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက် တွင် ဘတ် ၁၀ သန်းကျော်၊ အောက် တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ်နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊ အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်၊ အောက် တိုဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ခုနစ်သိန်းကျော် ၊အောက်တိုဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ခြောက်သန်းကျော်နှင့် ဘတ် ၁၉၉ သန်းကျော်၊ အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ စက်သုံးဆီနှင့်စား သုံးဆီလုပ်ငန်းရှင်များသို့ဒေါ်လာ ၃၅ သန်း ရောင်းချမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၆ ကျပ်နှုန်းဖြင့် ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် နှင့် ယွမ် ၁ ဒသမ ၅ သန်းကျော်၊အောက်တို ဘာ ၂၂ ရက်က ဒေါ်လာ ၇ ဒသမ ၅ သန်း ကျော်နှင့် ဘတ်သန်း ၁၅၀ နီးပါး၊ အောက် တိုဘာ ၂၃ ရက်က သွင်းကုန်လုပ်ငန်းရှင်များ အား ဘတ်သန်း ၂၀ ၊ Online Trading Platform တွင် ဒေါ်လာ၂ ဒသမ ၅၆ သန်း ကျော်နှင့် ဘတ် ၁၆ ဒသမ ၅ သန်းကျော်၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်လာ တစ် သိန်းကျော်နှင့် ဘတ်ရှစ်သန်းကျော်၊ အောက် တိုဘာ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၆၈ ကျပ်ဖြင့် ဒေါ်လာ သန်း ၂၀၊ ယွမ်ရှစ်သိန်း ကျော်၊ဘတ် နှစ်သိန်းကျော်ထုတ် ရောင်းခဲ့ သည်။ အောက်တိုဘာ ၂၈ ရက်တွင်တ ရုတ် ယွမ်ငါးသန်းနှင့်ထိုင်းဘတ် ၂၅ သန်း ရောင်း ချမည်ဖြစ်ကြောင်း ၊ အောက်တိုဘာ ၂၈ ရက် တွင် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ်တစ်သန်း ကျော်နှင့် ဘတ် ၁၈ သန်းကျော် ၊ အောက် တိုဘာ ၂၉ ရက်တွင် ဒေါ်လာ ၂၇၅၅၀၊ အော က်တိုဘာ ၃၀ ရက်တွင် ဒေါ်လာ ကိုုးသန်း ကျော်၊ယွမ်နှစ်သန်းကျော်နှင့်ဘတ် ၁၅၆ သန်းကျော်၊အောက်တိုဘာ ၃၁ ရက်တွင် ဒေါ်လာ နှစ်သိန်းကျော်၊ ယွမ် ခုနစ်သိန်းကျော်ရောင်းချခဲ့ကြောင်း ထုတ် ပြန်ထားသည်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး စျေး ကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ် ဒေါ်လာ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်၊ ယွမ် ၁ ဒသမ ၈ သန်းကျော်၊၊စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ၃၅၂၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊စက်တင်ဘာ ၂၆ ရက်တွင် တစ် ဒေါ်လာ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၄၀၀၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါး (၁၂၈၉၉၄၂၇ ဒသမ ၅၀)နှင့် ယွမ်ခုနစ်သိန်း ၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၃၅၂၀ ကျပ်ဖြင့် ဒေါ်လာ ၂၃ သန်းနီးပါး (၂၂၆၄၉၅၇၃ ဒသမ ၁၈)၊ စက် တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ၃၅၁၉ ကျပ်ဖြင့် ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ် ရှစ်သိန်း ထုတ်ရောင်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
