ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်း ရရှိလိမ့်မည်ဟု ပရိသတ်(၅၀%)ကျော်က မဲပေးခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီး နိုင်ငံတကာရက်သတ္တပတ်အတွက် ပြိုင်ပွဲခေတ္တရပ်နားထားချိန်၌ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ပရိသတ်များထံမှ ဆန္ဒမဲကောက်ခံခဲ့ခြင်းဖြစ်သည်။
ပရိသတ်(၃၅၀၀၀) ကျော် ဆန္ဒမဲပေးခဲ့ကြရာတွင် (၅၇%)က လီဗာပူးလ်ချန်ပီယံဖြစ်မည်ဟု မဲပေးခဲ့ပြီး မန်စီးတီးကို (၁၃%)၊ အာဆင်နယ်ကို (၁၂%)၊ ချယ်လ်ဆီးကို (၁၁%)နှင့် အခြားအသင်း ချန်ပီယံဖြစ်မည်ဟု မဲပေးသူ (၇%)ရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအဖြစ်လည်း ရပ်တည်နေပြီဖြစ်သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် လီဗာပူးလ်တိုက်စစ်မှူး ဆာလာက မဲအများဆုံးရရှိထားကြောင်းလည်း သိရသည်။
ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်သည် ယခုရာသီ၌ ခြေစွမ်းပြနေသည့် ကစားသမား(၁၀)ဦးအား မဲပေးရွေးချယ်စေခြင်းဖြစ်ပြီး ပရိသတ် (၃၂၀၀၀)ကျော် ဝင်ရောက်မဲပေးခဲ့ရာ ဆာလာက (၅၃%)ရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယအများဆုံးမှာ (၁၈%)ရရှိသည့် ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာဖြစ်ပြီး နော်တင်ဟမ်တိုက်စစ်မှူး ခရစ္စဝုဒ်က (၁၁%)ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
လီဗာပူးလ်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်နှင့် အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာတို့က (၅%)စီ ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
