Top News

ဂွါဒီယိုလာကို ရုပ်တုထုလုပ်၍ ဂုဏ်ပြုရန် မန်စီးတီးစီစဉ်နေဟု သတင်းထွက်
24htopnews | November 18, 2024 6:12 PM CST

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို ရုပ်တုထုလုပ်၍ ဂုဏ်ပြုရန် စီစဉ်နေကြောင်း မီဒီယာအချို့က ဖော်ပြခဲ့သည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု (၆)ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သူဖြစ်သောကြောင့် မန်စီးတီးအသင်းက ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် လက်ရှိအချိန်၌ မြောက်ဘက်ပွဲကြည့်စင်အား တိုးချဲ့တည်ဆောက်မှုပြုလုပ်နေရာ ယင်းတည်ဆောက်မှုတွင် ဂွါဒီယိုလာ၏ ရုပ်တုကို ထည့်သွင်းဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ပွဲကြည့်စင်တည်ဆောက်မှုမှာ ၂၀၂၅-၂၆ ရာသီတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK