စပိန်ထိပ်သီးကလပ် (၂)သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့သည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး ယိုကယ်ရက်စ်အား လာမည့်နွေရာသီတွင်ခေါ်ယူရန် အပြိုင်ကြိုးပမ်းသွားမည်ဖြစ်ပြီး အဓိကဦးစားပေးခေါ်ယူမှုအဖြစ် ပစ်မှတ်ထားနေကြောင်းသိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ယိုကယ်ရက်စ်သည် ယခုရာသီတွင် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲကစားရာတွင် (၂၃)ဂိုးအထိသွင်းယူပေးထားသလို၊ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင်လည်း ပြိုင်ပွဲစုံပွဲ (၅၀)ကစားခဲ့ရာတွင် (၄၃)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယိုကယ်ရက်စ်အားခေါ်ယူရန်အတွက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းကြီးများမှာ အပြိုင်ပစ်မှတ်ထားနေပြီး လာမည့်နွေရာသီတွင် ကြိုးပမ်းကြဖွယ်ရှိကြောင်း သိရသည်။
လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်း၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ယိုကယ်ရက်စ်သည် ဘရိုက်တန်၊ ဆွမ်ဆီးနှင့် စိန့်ပေါ်လီအသင်းများတွင်လည်းကစားခဲ့သူဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၈)ပွဲကစားရာတွင် (၆၆)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းက တိုက်စစ်ပိုင်းအတွက် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား ခေါ်ယူခဲ့သော်လည်း ထင်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အထောင်တိုက်စစ်မှူးတစ်ဦးအား ထပ်မံခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ပြီး ဂိုးသွင်းကောင်းသည့် ယိုကယ်ရက်စ်အားပစ်မှတ်ထားနေခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းမှာလည်း အသက် (၃၇)နှစ်အရွယ်ရှိပြီဖြစ်သည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာ အစားရန်အတွက် ယိုကယ်ရက်စ်အားခေါ်ယူရန်ဆန္ဒရှိနေခြင်းဖြစ်သည်။
ယိုကယ်ရက်စ်အား ၎င်း၏ ဆရာဟောင်းဖြစ်သည့် ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်မ်ကိုင်တွယ်နေသော မန်ယူအသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေပြီး လူငယ်တိုက်စစ်မှူး ဇက်ဇီအား အသုံးချခေါ်ယူဖွယ်ရှိသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
