လီဗာပူးလ်အသင်းသည် အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
အာနိုးလ်(၂၆ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသူလည်းဖြစ်သည်။
ရီးယဲလ်အသင်းသည် အာနိုးလ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ရီးယဲလ်နည်းတူ အခြားထိပ်သီးကလပ်အသင်းအချို့ကလည်း အာနိုးလ် နှင့် လီဗာပူးလ်အသင်း၏ အခြေအနေကို စောင့်ကြည့်နေကြသည်။
လီဗာပူးလ်အသင်းသည် အာနိုးလ်ကို အနာဂတ်အသင်းခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ထားသည့်အတွက် မြင့်မားသည့် လစာနှုန်းထားအသစ်ဖြင့် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် လက်ရှိအချိန်၌ တစ်ပတ်လစာ ပေါင်(၁၈၀၀၀၀)သာ ရရှိနေသည့် အာနိုးလ်ကို ပရီးမီးယားလိဂ်၏ လစာအများဆုံး အင်္ဂလန်ကစားသမားဖြစ်လာစေမည့် နှုန်းထားပမာဏဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အာနိုးလ်နှင့်အတူ ဆာလာနှင့် ဗန်ဒိုက်တို့မှာလည်း လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ယခုနှစ်အတွင်း သက်တမ်းမတိုးနိုင်ပါက ဇန်နဝါရီတွင် အခြားအသင်းများနှင့် ဆွေးနွေးခွင့်ပြုရမည်ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်အသင်းက ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
