လက်ရှိအချိန်၌ ဟီရန်ဗင်းအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသည့် နယ်သာလန်တိုက်စစ်မှူးဟောင်း ဗန်ပါစီက အာဆင်နယ်ပရိသတ်များသည် မိမိကို လက်ရှိအချိန်အထိ ခွင့်မလွှတ်နိုင်သေးသည့်အတွက် အာဆင်နယ်အသင်း၌ အလုပ်လုပ်ကိုင်ဖြစ်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။
ဗန်ပါစီသည် ကစားသမားဘဝက အာဆင်နယ်နှင့် မန်ယူ နှစ်သင်းစလုံးတွင် ကစားခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေစဉ် မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းတွင် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်လိုခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ ''အာဆင်နယ်မှာ အလုပ်လုပ်ဖို့ ကျွန်တော် မမျှော်လင့်ပါဘူး။ ကျွန်တော် မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် အာဆင်နယ်တံခါးက ပိတ်သွားပြီလို့ ထင်ပါတယ်။ ဘောလုံးမှာ ဘာကိုမှတော့ မသိနိုင်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ ဒီအကြောင်းအရာက သူတို့အတွက် ခံစားရတဲ့အရာဖြစ်နေတုန်းပါပဲ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အခုတော့ ဟီရန်ဗင်းအသင်းမှာ ကျွန်တော် တကယ်ပျော်ရွှင်နေပါတယ်''ဟု ဗန်ပါစီက ပြောကြားခဲ့သည်။
ဗန်ပါစီသည် အာဆင်နယ်အသင်းတွင် ၂၀၀၄ မှ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၇၈)ပွဲတွင် (၁၃၂)ဂိုး သွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
