ဂျူဗင်တပ်စ်အသင်းသည် စကူဒက်တိုချန်ပီယံဆုအား တစ်ကျော့ပြန် ရယူနိုင်ရန်အတွက် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အသင်းအား အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားဖွယ်ရှိနေပြီး ၀ါရင့်နောက်ခံလူ ဒန်နီလိုနှင့် ကွင်းလယ်လူအာသာ အပါအဝင် ကစားသမား (၃)ဦးထွက်ခွာဖွယ်ရှိကြောင်းသိရသည်။
ဂျူဗင်တပ်စ်အသင်းသည် နည်းပြသီယာဂိုမော့တာလက်ထက် ယခုရာသီစီးရီးအေပွဲစဉ် (၁၂)ပွဲကစားပြီးချိန်တွင် (၆)ပွဲနိုင်၊ (၆)ပွဲသရေ ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးဇယားအဆင့် (၆)နေရာတွင်ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ နာပိုလီအသင်းနှင့် (၂)မှတ် ကွာဟလျက်ရှိနေကြောင်းသိရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများအနေဖြင့် အသင်းအား အင်အားဖြည့်တင်းမှုများပြုလုပ်သွားရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ဗလာဟိုဗစ်နှင့် တွဲဖက်ကစားရန် တိုက်စစ်မှူးတစ်ဦး ချိတ်ဆက်နေသလို၊ အသင်း၏ခံစစ်ပိုင်းအတွက်လည်း နိုင်ငံခြားသားကစားသမားတစ်ဦး အမြန်ဆုံးခေါ်ယူသွားရန်စီစဉ်နေကြောင်းသိရသည်။
ဂျူဗင်တပ်စ်အသင်းသည် နောက်ခံလူ ဒန်နီလိုနှင့် ကွင်းလယ်လူ အာသာတို့အပြင် လူငယ်တောင်ပံကစားသမားတစ်ဦးဖြစ်သည့် ဆမ်မြူရယ်လ်အမ်ဘမ်ဂူလာ (၂၀ နှစ်)ကိုလည်း လမ်းခွဲရန် စီစဉ်ထားကြောင်း အီတလီအားကစားသတင်းစာ Football Italia ကဖော်ပြခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ မော့တာသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် အသင်းအား ပြင်ဆင်အားဖြည့်မှုများ ပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး အဓိကတိုက်စစ်မှူး ဗလာဟိုဗစ်ကိုလည်း ရောင်းချသွားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင်မေဂျာဆုဖလားအနည်းဆုံးတစ်လုံး ရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
