ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသော အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်အသင်းမှ ကစားသမား(၄)ဦးအထိပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး မန်စီးတီးနှင့် အာဆင်နယ်အသင်းမှ ကစားသမား ပါဝင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အလန်ရှီးယားသည် ပွဲစဉ်တစ်ခုချင်းအလိုက် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ပေးနေသူဖြစ်ပြီး ယခုအခါ နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အတွက် အနားပေးထားချိန်၌ ယှဉ်ပြိုင်ခဲ့ပြီးသမျှ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ခုမှ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အလန်ရှီးယားက အဆိုပါအကောင်းဆုံးအသင်းကို (၄-၃-၃)ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ဂိုးသမားအဖြစ် မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်)၊ နောက်တန်းတွင် အာနိုးလ်၊ ဗန်ဒိုက်(လီဗာပူးလ်)၊ မီလန်ကိုဗစ်(နော်တင်ဟမ်)၊ ရော်ဘင်ဆန်(ဖူလ်ဟမ်)၊ အလယ်တန်းတွင် ကိုင်စီဒို၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)၊ ရှေ့တန်းတွင် အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ ခရစ္စဝုဒ်(နော်တင်ဟမ်)နှင့် ဆာလာ(လီဗာပူးလ်)တို့ ပါဝင်ခဲ့သည်။
အလန်ရှီးယားက အကောင်းဆုံးနည်းပြအဖြစ် လီဗာပူးလ်အား အမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်ပေးထားသည့် နည်းပြ အာနယ်ဆလော့ကို ရွေးချယ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
