တားမြစ်ဆေးအတွက် အယူခံအောင်မြင်မှုရရှိထားသည့် ပေါ့ဘာသည် နိုဝင်ဘာလကုန်တွင်ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပေါ့ဘာ (၃၁ နှစ်) သည် တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာကတည်းက ပွဲပယ်ခံထားရပြီး ကနဦးတွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။
၎င်းက အားကစားခုံရုံး (CAS) ထံ အယူခံဝင်ရာ ပွဲပယ်ပြစ်ဒဏ်ကို ၁၈ လသို့ လျှော့ချပေးသဖြင့် လာမည့်နှစ်မတ်လတွင် ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း နိုဝင်ဘာ ၃၀ ရက်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပေါ့ဘာ သည် ဇန်နဝါရီတွင် အသင်းသစ်တစ်သင်းနှင့် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ပေါ့ဘာ သည် ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၄၂၃ ပွဲ ကစားထားပြီး ၇၃ ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
