မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းတောင်ပံကစားသမား ဆန်ချို၏ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ငြင်းဆန်ခဲ့ပြီး အသင်းအတွက် ကစားနိုင်ခြင်းမရှိသည့် ကစားသမားအကြောင်း မပြောလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် အာဆင်နယ်အား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အသင်းလူစာရင်း၌ မပါဝင်ခြင်းနှင့်ပတ်သက်ပြီး တန်ဟက်ဂ်၏ ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း လူမှုကွန်ရက်တွင် ဖြေရှင်းပြီးနောက် တန်ဟက်ဂ်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်။
ယင်းနောက်တွင် မန်ယူအသင်းတာဝန်ရှိသူများက ဆန်ချိုအား တန်ဟက်ဂ်ကို တောင်းပန်ရန် ညွှန်ကြားခဲ့သော်လည်း ကစားသမားအနေဖြင့် တောင်းပန်ခြင်းမရှိသည့်အတွက် အသင်းကြီးနှင့်ပူးပေါင်းခွင့် ပိတ်ပင်ခံထားရပြီး လေ့ကျင့်မှုများကိုလည်း တစ်ဦးတည်းပြုလုပ်နေရကြောင်း သိရှိရသည်။
ထို့ပြင် ဂျာမန်သတင်းစာများ၏ ဖော်ပြချက်အရ ဆန်ချိုသည် Xbox ဂိမ်းစ်များကို ညမအိပ်ဘဲ ကစားလေ့ရှိသည့်အတွက် ကစားသမားဘဝအပေါ် ထိခိုက်မှုများရှိနေကြောင်း သိရှိရသည်။ ခရစ္စတယ်ပဲလေ့စ်အား (၃-ဝ) ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီး ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် သတင်းထောက်များက ဆန်ချို Xbox ဂိမ်းစ်ကစားခြင်းကို သိသလားဟု မေးမြန်းခဲ့ရာ တန်ဟက်ဂ်က ၎င်းအကြောင်း မပြောလိုကြောင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။
တန်ဟက်ဂ်က "ပုဂ္ဂိုလ်ရေးအကြောင်းတွေကို ကျွန်တော် မပြောချင်ပါဘူး။ ပြီးတော့ အသင်းအတွက် မကစားနိုင်တဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော် မပြောချင်ပါဘူး" ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆန်ချိုအနေဖြင့် ၎င်း၏ Instagram အကောင့်ကို Deactive လုပ်ခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကိုလည်း တန်ဟက်ဂ်က "အဲဒီကိစ္စကို ကျွန်တော် မသိပါဘူး။ ဒါက သူ့ကိစ္စပါ။ ကျွန်တော့်အနေနဲ့ အသင်းလူစာရင်းမှာ မပါဝင်တဲ့ ကစားသမားတွေအကြောင်းကို မှတ်ချက်မပေးချင်ပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
