Top News

ကယ်လ်ဗင်ဖီးလစ်သည် မန်စီးတီးကစားဟန်နှင့် အသားကျရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ
24htopnews | November 19, 2024 12:12 AM CST

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်သည် အသင်း၏ ကစားဟန်နှင့် အသားကျရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်သည် ၂၀၂၂ နွေရာသီတွင် လိဒ်စ်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် (၄၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

သို့သော် ၎င်းသည် မန်စီးတီးအသင်းတွင် ပုံမှန်ပွဲ ထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၂၁) ပွဲကစားခဲ့ရသော်လည်း အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ယခုရာသီတွင်လည်း ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် (၂) ပွဲသာ ကစားခွင့်ရထားသည်။

ဂွါဒီယိုလာက "ဘီယဲလ်ဆာက ကယ်လ်ဗင်ဖီးလစ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ သူ လုပ်ပေးခဲ့တာကို ကျွန်တော် သဘောကျပါတယ်။ မန်စီးတီးအနေနဲ့ ကိုယ်ပိုင်ကစားဟန်ရှိပြီး အဲဒီကစားဟန် မှာ အံဝင်ဖို့အတွက် ကယ်လ်ဗင်ဖီးလစ် ရုန်းကန်နေရတယ်။ လိဒ်စ်ကစားဟန်ကတော့ သူနဲ့ အံကိုက်ပါပဲ။ ဒါပေမဲ့ သူသင်ယူလိုစိတ်ရှိပြီး အသင်းကို ကူညီချင်နေသူပါ။ ဒါကြောင့် သူ့အရည်အသွေးကို ထုတ်ယူဖို့ကြိုး စားနေပါတယ်" ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK