Top News

လှိုင်သာယာမြို့နယ်တွင် နည်းပညာတက္ကသိုလ်မှ သခင်မြ ပန်းခြံသို့ ပြေးဆွဲသည့် YBS 23 ယာဉ်တစ်စီး ရပ်ထားနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွား
24htopnews | November 19, 2024 12:12 AM CST

လှိုင်သာယာမြို့နယ်၊  အမှတ် ၉ ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းတွင် ရပ်တန့်ထားသည့်  နည်းပညာတက္ကသိုလ်မှ  သခင်မြ ပန်းခြံသို့ပြေးဆွဲသည့် YBS (23) 1E---- ဟွန်ဒိုင်း  အမျိုးအစား(အစိမ်းရောင်)  ယာဉ်တစ်စီးသည်  နိုဝင်ဘာ ၁၉ ရက်နေ့  နံနက် ၁၀ နာရီခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့်  YBS (23)  ယာဉ်မှ ပြင်ရပ်အတွက် ရပ်တန့် ထားစဉ်  ဘတ္တရီအိုး နှင့် ချိတ်ဆက်ထားသော ၀ါယာကြိုးများ အပူလွန်ကဲရာမှ တဆင့် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် လူသေဆုံးမှု ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

“မီးလောင်တာ နံနက် ၁၀ နာရီ လောက်မှ လောင်တာ၊  ကားက ရပ်ထားတာ ပြင်ဖို့ လမ်းဘေးမှာ ရပ်ထားတာ၊ ရပ်ထားရင်  ဘတ္တရီ နဲ့ ချိတ်ဆက်ထားတဲ့ ၀ါယာကြိုးတွေ အပှု လွန်ကဲ ပြီး မီးလောင်တာပါ၊ လူသေဆုံးမှု ထိခိုက်ဒဏ်ရာ ရရှိတာတွေ မရှိပါဘူး ” ဟု  လှိုင်သာယာ မြို့ နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှု အား ပြည်သူတစ်ဦးမှ သတင်းလှမ်းပို့သဖြင့်  လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်  ၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့ ဖြင့် ငြိမ်းသတ်ခဲ့ကြောင်း မီးလောင်မှုကြောင့်  ကားကူရှင် (၂၅) လုံး၊ ရှေ့လေကာမှန် နှင့် ဘေကာမှန်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ယာဥင်္် ပိုင်ရှင် ဖြစ်သူ ဦး------- အား လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲ စခန်းမှ  (ပ) ၁၁၅၃/ ၂၀၁၈ / ပုဒ်မ-၂၈၅ ဖြင့်  အရေးယူထားကြောင်းသိရသည်။                                             

 


READ NEXT
Cancel OK