Top News

ကမ္ဘာ့ထောက်လု (ဝူရှူး) ပြိုင်ပွဲပြီးဆုံးပြီး မြန်မာဝူရှူးအဖွဲ့ နောက်ဆုံးနေ့တွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ထပ်မံဆွတ်ခူူး
24htopnews | November 19, 2024 12:12 AM CST

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ် ကမ္ဘာ့ထောက်လု (ဝူရှူး) ပြိုင်ပွဲ နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၈ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ဆက်လက်ကျင်းပရာ အိမ်ရှင် မြန်မာဝူရှူးအဖွဲ့က ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ဟောင်ကောင်အသင်းက နိုင်ငံအလိုက် ပထမနေရာရခဲ့ပြီး အိမ်ရှင် မြန်မာအသင်းမှာမူ ညနေပိုင်းပွဲစဉ်တွင် ငြိမ်းချမ်းကိုကို ရွှေတံဆိပ်ရခဲ့သောကြောင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် (၆) နေရာ ရပ်တည်နိုင်ခဲ့သည်။

နံနက်ပိုင်းတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပပြီး မြန်မာဝူရှူးအဖွဲ့က ပြိုင်ပွဲသုံးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာဝူရှူးအဖွဲ့သည် နံနက်ပိုင်းတွင် ငွေတစ်ခု၊ ကြေးတစ်ခု ရယူနိုင်ပြီး စန္ဒီဦးက အမျိုးသမီးချန်းစုပြိုင်ပွဲတွင် ငွေတံဆိပ်၊ အေးသစ္စာမြင့်က အမျိုးသမီးနန်းကွန့်ပြိုင်ပွဲ တွင် ကြေးတံဆိပ်ရယူနိုင်ခဲ့သည်။ အမျိုးသမီး ချန်းစုပြိုင်ပွဲတွင် အီရင်ဖောင် (မလေးရှား) က ၉ ဒသမ ၆၅ မှတ်ဖြင့် ရွှေတံဆိပ်၊ စန္ဒီဦး (မြန်မာ) က ၉ ဒသမ ၄၁ မှတ်ဖြင့် ငွေတံဆိပ်၊ ယာမာဂူချီ (ဂျပန်) က ၉ ဒသမ ၃၂ မှတ်ဖြင့် ကြေးတံဆိပ် ရရှိသည်။ အမျိုးသမီးနန်းကွန့် ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ၉ ဒသမ ၁၈ မှတ် ဖြင့် ကြေးတံဆိပ်ရရှိပြီး ဟောင်ကောင်ကစား သမားက ရွှေတံဆိပ်၊ ဗီယက်နမ်ကစားသမား က ငွေတံဆိပ်ရရှိသည်။ ညနေပိုင်းကျင်းပ သည့် လေးပွဲတွင် မြန်မာကစားသမား၏ပွဲစဉ်မှာ တစ်ပွဲသာပါဝင်ပြီး ငြိမ်းချမ်းကိုကို က ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုး သားထိုက်ချိကျန့်ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို က ၉ ဒသမ ၆၇ မှတ်ဖြင့် ရွှေတံဆိပ်၊ တာယန် (ဟောင်ကောင်) က ၉ ဒသမ ၆၆ မှတ်ဖြင့် ငွေတံဆိပ်၊ ကျန်ဟောင် (ဟောင်ကောင်) က ၉ ဒသမ ၆၄ မှတ်ဖြင့် ကြေးတံဆိပ်ရခဲ့သည်။ တာယန်သည် ယင်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ် ပြိုင်ခဲ့ပြီး ၉ ဒသမ ၆၆ မှတ်ဖြင့် တောက် လျှောက် ဦးဆောင်ခဲ့သော်လည်း နောက်ဆုံး ယှဉ်ပြိုင်သည့် ငြိမ်းချမ်းကိုကိုက ၉ ဒသမ ၆၇ မှတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်း ကိုကိုသည် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး မြန်မာဝူရှူးအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ် ဆုကိုပါ ရယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာဝူရှူးအဖွဲ့သည် ယခုပြိုင်ပွဲတွင် ကစားသမားလေးဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ သိန်းသန်းဦးမှလွဲ၍ ကျန်ကစားသမား သုံးဦးက ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။ ငြိမ်းချမ်းကိုကိုက ရွှေတစ်ခု၊ ကြေးတစ်ခု၊ အေး သစ္စာမြင့်က ငွေတစ်ခု၊ ကြေးတစ်ခု၊ စန္ဒီဦးက ငွေတစ်ခု ရရှိခဲ့သည်။ ငြိမ်းချမ်းကိုကို”မနေ့က ကြေးဆုရခဲ့တဲ့ ပြိုင်ပွဲထက်စာရင် အခုပြိုင်ပွဲကို ပိုပြီးအားထားခဲ့တာပါ။ ကစားဖော်တွေကလည်း ကစားတာကောင်းပေမဲ့ ရွှေဆုနဲ့ လွဲချော်ခဲ့တာကြောင့် ဒီပြိုင်ပွဲကို သေချာ အာရုံစိုက်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။ ရွှေဆုရယူနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်” ဟု ပြောကြားသည်။ ပြိုင်ပွဲအပြီးတွင် ၂၀၂၀ ပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် ဂျပန်နိုင်ငံအား ပြိုင်ပွဲကျင်းပရေးအလံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သရုပ်ပြအစီအစဉ်များ ပြုလုပ်ခဲ့သည်။ တရုတ်ဝူရှူးအဖွဲ့သည် ပြိုင်ပွဲ ခြောက်မျိုးစလုံးတွင် ရွှေတံဆိပ်ရယူနိုင်သော်လည်း ဟောင်ကောင်အသင်းက ငွေနှင့် ကြေး ဆုများ ရခဲ့သောကြောင့် နိုင်ငံအလိုက် ပထမ နေရာ ရပ်တည်နိုင်ခဲ့သည်။


READ NEXT
Cancel OK