ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လမူးရဲစခန်းအား ဒေသခံများက ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး စခန်းအနီးတွင် လူစုလူဝေးဖြစ်ပေါ်သဖြင့် သေနတ်ပစ်ဖောက်လူစုခွဲ ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်က ရှင်ပြုပွဲ စီတန်းလှည့်လည်စဉ် လူငယ်နှစ်ဦးက လူတန်းအား ဖြတ်သွားသဖြင့် အချင်း ဖြစ်ပေါ်ခဲ့ ပြီး လူငယ်နှစ်ဦးက တောင်းပန်သဖြင့် ကျေ အေးခဲ့သော်လည်း ရှင်ပြုပွဲလူတန်းနောက်ဆုံး မှ လိုက်ပါလာသည့် တီးဝိုင်းသမားများက လူငယ်နှစ်ဦးအား ထိုးကြိတ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးကြိတ်ခံရသဖြင့် လူငယ်နှစ်ဦး နှင့်မိသားစုများက ရဲစခန်းသို့ရောက်လာကာ ထိုးကြိတ်သူများကို တောင်းပန်းစေရန်ပြောဆိုခဲ့ရာ အမှုမဖွင့်ဘဲ ခေါ်ယူတောင်းပန်၍ မရကြောင်းပြောဆိုခဲ့ကြောင်း၊ သို့သော် လည်း စခန်းတွင်ခေါ်ယူတောင်းပန်ပေးရန် အတင်းအကျပ်ပြောဆိုရာမှ လူစုလူဝေးဖြစ်လာခဲ့ပြီးနောက် ညပို်င်းတွင် ရဲစခန်းအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ စခန်းအတွင်းမှ ပြတင်းပေါက်များနှင့်ခုံများကို ချိုးဖျက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခဲဖြင့်ပစ်ပေါက်ဖျက်စီးသူများထဲမှ တချို့ကို ရဲကဖမ်းဆီးခဲ့သည့်အတွက် ယင်းဖမ်းဆီးသူများကို ပြန်လွှတ်ပေးရန် ကျေးရွာသားများက လူစုလူဝေးဖြင့် စခန်းသို့ ရောက်လာသဖြင့်သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက “ကထိန်ပွဲစီ တန်းလှည့်လည်သည့် လူတန်းကို ဖြတ်ပြီးကူးတဲ့အတွက်အချင်းများရာကနေ ထိုးကြိတ်မှုတွေဖြစ်ခဲ့တယ်။ ထိုးကြိတ်ခံလူငယ်နှစ်ဦးက စခန်းကိုလာပြီး အမှုမဖွင့်ဘဲ ထိုးကြိတ်သူတွေကို ခေါ်ယူတောင်းပန်ခိုင်းတယ်။ အဲဒီမှာ အမှုမဖွင့်ဘဲ ခေါ်ခေါ်ယူတောင်းပန်ခိုင်းလို့ မရဘူး။ အမှုဖွင့်မှ ခေါ်ယူ စိစစ်ပေးမယ်လို့ ပြောတော့ အဲဒီမှာ မကျေနပ်တဲ့လူအုပ်က များလာပြီး စခန်းကို သွယ်ထားတဲ့မီးကြိုးကိုလည်း ဖြုတ်ပလိုက်တယ်။ ပြီးတော့ စခန်းကို ခဲနဲ့ပစ်ပေါက်တယ်။ ခုံတွေကို ဖျက်စီးသွားတယ်။ မီတာဘောက်စ် ပျက်စီးတယ်၊ တီဗွီ ပျက်စီးသွားတယ်၊ သံဖြူ ၁၇ ချပ်လောက်ပျက် စီးသွားတယ်။ သေနတ်ပစ်ဖောက်ပြီးမှ လူစုကွဲသွားတယ်။ ည ၈နာရီလောက်မှာတော့ ပြီးသွားတယ်။ အဲဒါက ၁၇ ရက်ည။ ဆိုတော့ ပြည်သူပိုင်ပစ္စည်းကို ဖျက်စီးမှုနဲ့ အမှုဖွင့်ရတာပေါ့။ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့်ရတယ်။ အမှုဖွင့်ပြီး ဖျက်စီးခဲ့သူအချို့ကို ဖမ်းလိုက်တယ်။ မနက် မိုးလင်းတော့ ဘာကြောင့် ဖမ်းရမလဲဆိုပြီး ရွာသားတွေက စုဝေးပြီးရောက်လာပြန်တယ်။ ပြန်လွှတ်ပေးဖို့တောင်းဆိုတယ်။ လူစု လူဝေးဖြစ်လာတယ်။ ဒါကြောင့် သေနတ်ပစ်ဖောက်ပြီးလူစုကို ဖြိုခဲ့ရတယ်။ လူ ၅၀၀ လောက်ရှိမယ်ထင်တယ်။ ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ဘူး၊ အခုတော့လူစုနည်းသွားပြီး အနည်းအကျဉ်းဘဲ ကျန်တော့တယ်။ စခန်း ပတ်လည်ကိုတော့ လုံခြုံရေးယူထားရတယ်။ အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရောက်နေတယ်” ဟုလည်း ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ များနှင့်ဆက်သွယ်ခဲ့သော်လည်း ဒေသခံများ က လက်ခံဖြေဆိုရန်ငြင်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
