တူရကီကလပ် အဒါနာဒီမီစပေါအသင်းတွင် ကစားနေသည့် အီတလီတိုက်စစ်မှူး ဘာလိုတယ်လီက ရိုးမားတိုက်စစ်မှူး လူကာကူထက် အင်တာမီလန်တိုက်စစ်မှူး မားကပ်စ်သူရမ်က ပိုကောင်းကြောင်း ပြောကြားခဲ့သည်။
ရိုးမားတိုက်စစ်မှူး လူကာကူသည် ယခုရာသီ စီးရီးအေ (၃) ပွဲတွင် (၂) ဂိုးသွင်းယူထားပြီး အင်တာမီလန်တိုက်စစ်မှူး မားကပ်စ်သူရမ်သည် စီးရီးအေ (၆) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားသည်။
သို့သော် ဘာလိုတယ်လီက မိမိအနေဖြင့် လူကာကူထက် မားကပ်စ်သူရမ်ကို ပိုကြိုက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာလိုတယ်လီက ''ကျွန်တော်ကတော့ လူကာကူထက် မားကပ်စ်သူရမ်ကို ပိုကြိုက်ပါတယ်။ ဒါပေမဲ့ အင်တာကို ကွန်တီကိုင်တုန်းက လူကာကူ အရမ်းကောင်းခဲ့တာပါ။ မားကပ်စ်က နည်းစနစ်ပိုင်း ပိုကျွမ်းကျင်ပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်တာ ပိုကောင်းတယ်။ လူကာကူကတော့ ပါ၀ါပိုကောင်းတဲ့ ကစားသမားပါ။ ကျွန်တော့်အနေနဲ့ ဒီရာသီ စီးရီးအေချန်ပီယံဆုကို အင်တာပဲ ရမယ်ထင်ပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
