မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မိမိတို့၏ပစ်မှတ်မှာ ဖလားလေးလုံးချန်ပီယံဖြစ်ရေး မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီး သမိုင်းဝင် ဖလားသုံးလုံးချန်ပီယံအောင်မြင်မှု ရယူနိုင်ခဲ့သည့် မန်စီးတီးအသင်းအနေဖြင့် ယခုရာသီ လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်မှာပင် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ဖလားလေးလုံးအိပ်မက် ပျက်ပြယ်ခဲ့ရပြီဖြစ်သည်။
ထို့ကြောင့် ဖလားလေးလုံးချန်ပီယံ မဖြစ်နိုင်တော့သဖြင့် စိတ်ပျက်မိသလားဟု ပွဲအပြီးတွင် မေးမြန်းရာ ဂွါဒီယိုလာက ''ကျွန်တော်တို့ရဲ့ပစ်မှတ်က ဖလားလေးလုံးချန်ပီယံဖြစ်ရေးလို့ ခင်ဗျားက ထင်နေတာလား။ ပွင့်ပွင့်လင်းလင်းပြောရရင် မဟုတ်ပါဘူး။ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့တယ်။ ပြီးတော့ ဖလားသုံးလုံးချန်ပီယံဆုက ကျွန်တော်တို့ကို ပိုပြီးကျေနပ်မှုရစေပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက မြင့်မားပါတယ်။ ဒါပေမဲ့ ဖလားသုံးလုံးချန်ပီယံဖြစ်တဲ့ စိတ်ကျေနပ်မှုထက် ပိုပြီးမမြင့်မားပါဘူး'' ဟု ဖြေကြားသည်။
ထို့ပြင် စတုတ္ထဒိုင်ဖြစ်သူ ခရစ္စကာဗာနာကို စောဒကတက်သဖြင့် အဝါကတ်ပြသခံရခြင်းအပေါ် ဂွါဒီယိုလာက ''သူတို့ ပြစ်ဒဏ်ဘောတွေ ဘယ်လောက်ကျူးလွန်ခဲ့ပြီး ကျွန်တော်တို့ ဘယ်လောက်ခံရလဲ၊ အဝါကတ် ဘယ်လောက်ပြခံရလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒိုင်တွေနဲ့ သူတို့ရဲ့အလုပ်ကို လေးစားမှုရှိပါတယ်။ အဝါကတ်က တကယ်ကို ထိုက်တန်ပါတယ်'' ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
