ရီးယဲလ်မက်ဒရစ်အသင်းနည်း ပြ အန်ဆယ်လော့တီက အသင်းကစားသမားဟောင်းများဖြစ်သည့် အလွန် ဆို၊ ရာအူးလ်နှင့် အာဘီလိုအာတို့ကို တစ်နေ့နေ့တွင် ရီးယဲလ်နည်းပြဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယခုရာသီကုန်တွင် အလွန်ဆိုကို ရီးယဲလ်အသင်းနည်းပြအဖြစ် ခန့်အပ်မည်ဟု ကောလာဟလများထွက်ပေါ်လာပြီးနောက် သတင်းထောက်များ၏မေးမြန်းမှုကို အန်ဆယ်လော့တီက ''ကျွန်တော် သူ့ကို သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကစားသမားတစ်ယောက် ဖြစ်ခဲ့လို့ပါ။ သူဟာ ဘောလုံးနဲ့ ပတ်သက်လို့ များပြားတဲ့ဗဟုသုတတွေ ရှိထားပြီး လေဗာကူဆင်အသင်းမှာ ထူးထူးခြားခြားလုပ်ပြနေပါတယ်။ သူဟာ ကျွန်တော် သိတဲ့ တစ်ယောက်ပါ။ ကျွန်တော်ချစ် တဲ့ တစ်စုံတစ်ယောက်လည်းဖြစ်ပါတယ်။ ရာအူးလ် ဒါမှမဟုတ် အာဘီလိုအာလိုပေါ့။ တစ်နေ့နေ့မှာ ရီးယဲလ်နည်းပြ ဖြစ်လာနိုင်တယ်။ ဒါက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျွန်တော် အရမ်းချစ်ပါတယ်။ တစ်နေ့မှာ သူတို့တွေ ဒီကလပ်ကို နည်းပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်''ဟု တုံ့ပြန်ခဲ့သည်။
ထို့ပြင် သူ၏အနာဂတ်နှင့် ပတ်သက်ပြီး ''ကျွန်တော် ဒီမှာ ပျော်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အရေးပါတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အချိန်ကျတော့မှ အနာဂတ်အတွက် ကျွန်တော်တို့ စကားပြောပါမယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
အလွန်ဆိုသည် လက်ရှိတွင် ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားကာ ဘိုင်ယန်နှင့် ထိပ်ဆုံးတွင် ပူးတွဲရပ်တည်နေပြီး ရာအူးလ်က ရီးယဲလ်အရန်အသင်းဖြစ်သည့် ကက်စတယ်လာအသင်းနှင့် အာဘီလိုအာက ရီးယဲလ် ယူ-၁၉ အသင်းများကို ကိုင်တွယ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
