အာဆင်နယ်နှင့်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ရိုဒရီ လွဲချော်မည်
24htopnews | November 19, 2024 12:12 AM CST
မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အာဆင်နယ်နှင့်ကစားမည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ရိုဒရီ(၂၇ နှစ်)သည် နော်တင်ဟမ်ဖောရက်စ်အား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပြိုင်ဘက်ကစားသမား ဂစ်ဝှိုက်ကို လည်ပင်းညှစ်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ရိုဒရီသည် အဆိုပါ အနီကတ်ကြောင့် (၃) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး မန်စီးတီးအသင်းက အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ရိုဒရီသည် ဝုလ်ဗ်(စက်တင်ဘာ ၃၀ ရက်)၊ အာဆင်နယ်(အောက်တိုဘာ ၈ ရက်)နှင့် ဘရိုက်တန် (အောက်တိုဘာ ၂၁ ရက်)တို့နှင့်ပွဲများကို လွဲချော်မည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
