Top News

အိုဆင်မန်အား အာဆင်နယ်သို့ ပြောင်းရွှေ့ကစားရန် ပီယာ့စ်မော်ဂန် တိုက်တွန်း
24htopnews | November 19, 2024 12:12 AM CST

အာဆင်နယ်အမာခံပရိသတ်တစ်ဦးဖြစ်သည့် နာမည်ကျော် ဂျာနယ်လစ်နှင့် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်က နာပိုလီအသင်းနှင့် အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူး အိုဆင်မန်အား အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန်တိုက်တွန်းပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ဘိုလော့ဂ်နာနှင့်ပွဲတွင် အိုဆင်မန် ပယ်နယ်တီလွဲချော်သည့်ဗီဒီယိုကို Tik Tok တွင် တင်ခဲ့ခြင်းကြောင့် ကစားသမားနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ယင်းအခြေအနေတွင် အိုဆင်မန်အား အာဆင်နယ်အသင်းထံ လာရောက်ကစားရန် ပီယာ့စ်မော်ဂန်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပီယာ့စ်မော်ဂန်က ''အိုဆင်မန်ရေ ဆိုးရွားတဲ့ဆက်ဆံမှုတွေကို လက်ခံမနေပါနဲ့။ အဲဒီအစား အာဆင်နယ်အသင်းကိုသာ လာခဲ့ပါ''ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

အိုဆင်မန်သည် ၂၀၂၅ ခုနှစ်တွင် နာပိုလီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း(၁၅၀) ဝန်းကျင်ရှိကြောင်း သိရသည်။ 

 


READ NEXT
Cancel OK