ဘာစီလိုနာနည်းပြ ဇာဗီက မာယော့ကာနှင့် (၂-၂) ဂိုးဖြင့် သရေကျသည့်ပွဲတွင် မိမိတို့အသင်းအနေဖြင့် မမှားသင့်သည့် အမှားများကို ကျူးလွန်ခဲ့ပြီး အသင်း၏ခံစစ်ပိုင်း တိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ (၂၆) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် မာယော့ကာ (၂-၂) ဘာစီလိုနာပွဲတွင် ဘာစီလိုနာအသင်းသည် မာယော့ကာအသင်း၏ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်းကိုခံခဲ့ရပြီး ချေပဂိုးများ သွင်းယူနိုင်ခြင်းကြောင့်သာ သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီ လာလီဂါ (၇) ပွဲကစားပြီးချိန်တွင် ရှုံးပွဲ မရှိသေးဘဲ (၅) ပွဲနိုင်၊ (၂) ပွဲသရေကျကာ (၁၇) မှတ် ရရှိထားသည်။
ဘာစီလိုနာနည်းပြ ဇာဗီက ''မာယော့ကာ ရသွားတဲ့ ဂိုး (၂) ဂိုးစလုံးက ကျွန်တော့်အသင်းရဲ့ အမှားတွေကနေ ရရှိသွားတာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်ကို အခွင့်အရေးတွေလည်း ပေးခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ခံစစ်ပိုင်းတိုးတက်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းက အရမ်းကောင်းခဲ့ပြီး အခု တိုးတက်အောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ မဆိုးခဲ့ပေမဲ့ မမှားသင့်တဲ့အမှားတွေကြောင့် အမှတ်(၂) မှတ် ဆုံးရှုံးခဲ့ရပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
