ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ
24htopnews | November 19, 2024 12:12 AM CST
ရိုးမားအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူတောင်ပံကစားသမား ဆန်ချိုအား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။
အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် အသင်းနည်းပြ တန်ဟက်ဂ်ကို လူမှုကွန်ရက်တွင် ဝေဖန်ပြီးနောက် အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပိတ်ပင်ခံရထားကြောင်း သိရသည်။
မန်ယူအသင်းက ဆန်ချိုအားပြန်လည်တောင်းပန်မှသာ အသင်းကြီးနှင့်ပူးပေါင်းခွင့်ပေးမည်ဟု အသိပေးထားကြောင်း သိရသည်။
ဆန်ချိုအနေဖြင့် တန်ဟက်ဂ်ကို ပြန်လည်တောင်းပန်ဖွယ်မရှိသဖြင့် ဇန်နဝါရီတွင် ရောင်းထုတ်ခံရမည်ဟု သတင်းများထွက်ပေါ်နေသည်။
ရိုးမားအသင်းသည် ဆန်ချို၏အခြေအနေကို စောင့်ကြည့်နေပြီး ဇန်နဝါရီတွင် ၎င်းကိုခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
ရိုးမားနည်းပြ မော်ရင်ဟိုသည် ဆန်ချိုကို နှစ်သက်ပြီး ၎င်းအားခေါ်ယူပေးရန် အသင်းကို တွန်းအားပေးနေကြောင်းလည်း အီတလီမီီဒီယာများက ဖော်ပြနေကြသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
