ဆီဗီလာအသင်းမှ စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် ပြီးခဲ့သည့်အပတ်က ချန်ပီယံလိဂ်ပွဲ ကစားနေစဉ် နေအိမ်၌ကျန်ရှိသည့် သူ၏ကလေးများမှာ ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။
ရာမို့စ်၏ကလေး(၄)ဦးသည် စပိန်နိုင်ငံတောင်ပိုင်း၊ Andalusia ရှိ နေအိမ်တွင် ကလေးထိန်းနှစ်ဦးနှင့်အတူ ကျန်ရှိခဲ့သည့်အချိန်၌ ဓားပြများက နေအိမ်အတွင်း သတိပေးစနစ်ကိုကျော်ဖြတ်ကာ ဝင်ရောက်လာခြင်းဖြစ်သည်။
ကလေးများသည် ခြိမ်းခြောက်ခံရသော်လည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ယင်းအချိန်တွင် ရာမို့စ်၏ဇနီးဖြစ်သူ ပိုင်လာရူဘီယိုမှာလည်း အလုပ်ကိစ္စအတွက် အပြင်သို့ရောက်ရှိနေကြောင်း သိရသည်။
ဓားပြများသည် နေအိမ်အတွင်းမှ တန်ဖိုးမြင့်နာရီများ၊ လက်ဝတ်ရတနာများ၊ အဝတ်အစားများနှင့် ငွေသားများကို ယူဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ရာမို့စ်နှင့် သူ၏မိသားစုသည် လက်ရှိတွင် ဆီဗီးလ်မြို့အနီး Bollullos de la Mitacion ရှိ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
