အာဆင်နယ်ဂန္ထဝင်ဂိုးသမား ဒေးဗစ်ဆီမင်းက ရမ်းစ်ဒေးလ်ကိုကျော်ပြီး ရာယာအား နံပါတ် (၁)ဂိုးသမားအဖြစ် အသုံးပြုနေသည့် အသင်းနည်းပြ အာတီတာ၏ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင်ဖြစ်မိကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်နည်းပြ အာတီတာသည် ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ရမ်းစ်ဒေးလ်ကို နံပါတ် (၁)ဂိုးသမားအဖြစ် အသုံးပြုခဲ့သော်လည်း အဲဗာတန်၊ PSV၊ စပါးတို့နှင့် ကစားသည့်ပွဲစဉ်များတွင် ရာယာကို ပွဲထွက်အဖြစ် အသုံးပြုခဲ့သည်။
စပါးနှင့် (၂-၂)ဂိုးဖြင့် သရေကျသည့်ပွဲတွင် ရမ်းစ်ဒေးလ်ကိုကျော်ပြီး ရာယာအား အသုံးပြုခဲ့သည့် အာတီတာ၏ ဆုံးဖြတ်ချက်ကို အာဆင်နယ်ပရိသတ် အချို့နှင့် ဘောလုံးဝေဖန်သူများက ဝေဖန်ခဲ့ကြသည်။ ယခုအခါ အာဆင်နယ်ဂန္ထဝင်ဂိုးသမား ဒေးဗစ်ဆီးမင်းကပါ အာတီတာ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဒေးဗစ်ဆီမင်းက "အာတီတာက ကစားသမားတွေကို အလှည့်ကျ အသုံးပြုပြီး ပွဲကစားခွင့်တွေ ပေးနေတယ်။ ဒါပေမဲ့ ရမ်းစ်ဒေးလ်နေရာမှာ ကျွန်တော်သာဆိုရင် ဒါကို သဘောကျမှာမဟုတ်သလို၊ ပီတာရှမိုက်ကယ်လည်း အဲဒီလိုအလုပ်ခံရရင် ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုခေတ်က ကျွန်တော်တို့နဲ့ ကွာသွားပါပြီ။ ပွဲတွေကလည်း အရင်ကနဲ့မတူတော့ဘူး။ အာတီတာက အသစ်တွေ စမ်းနေတယ်။ ဒါအလုပ်ဖြစ်မလား မသိပါဘူး။ ရမ်းစ်ဒေးလ်ကို အရန်ခုံမှာထိုင်ခိုင်းထားတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
