ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်က ရှေ့လာမည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲတွင် ချယ်လ်ဆီးအနေဖြင့် အနိုင်မရပါက နည်းပြ ပိုချက်တီနိုအနေဖြင့် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ရတော့မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ရလဒ်ဆိုးများကို ချေဖျက်ရန်အတွက် ပိုချက်တီနိုအား အသင်းနည်းပြအဖြစ် ပြီးခဲ့သည့်ဇူလိုင်လက ခန့်အပ်ခဲ့သည်။
သို့သော် ပိုချက်တီနို၏ ချယ်လ်ဆီးအသင်းမှာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးတွင် (၁) ပွဲသာ အနိုင်ရထားပြီး ရမှတ် (၅) မှတ်ဖြင့် အဆင့် (၁၄)နေရာ၌ ရပ်တည်နေသည်။
ထို့ကြောင့် ပိုချက်တီနိုအနေဖြင့် ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ဟု သုံးသပ်မှုများရှိနေပြီး ယခုအခါ အီယန်ရိုက်က "ဖူလ်ဟမ်၊ ဘန်လေတို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေက ချယ်လ်ဆီးအတွက် မဖြစ်မနေအနိုင်ယူရမယ့် ပွဲစဉ်တွေဖြစ်ပါတယ်။ တကယ်လို့ အဲဒီပွဲတွေမှာ ချယ်လ်ဆီးအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် စိုးရိမ်ရတော့မှာပါ။ ချယ်လ်ဆီးအနေနဲ့ တစ်ခုခုလုပ်ပြတော့မယ်လို့ ထင်မှတ်နေကြမှာပါ။ တကယ်လို့ ဖူလ်ဟမ်၊ ဘန်လေတို့နဲ့ ကစားမယ့်ပွဲတွေမှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်နည်းပြ ပိုချက်တီနိုအနေနဲ့ ရာထူးအတွက် စိုးရိမ်ရတော့မှာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
