ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည့် နည်းပြအန်ဆယ်လော့တီ၏နေရာတွင် အသင်းကစားသမားဟောင်းဖြစ်သူ ဇာဘီအလွန်ဆိုနှင့် အစားထိုးသွားမည်ဖြစ်ကြောင်း စပိန်သတင်းများက ဖော်ပြခဲ့သည်။
ဆိုစီဒက်၊ အီဘာ၊ လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများတွင် ကစားခဲ့ဖူးသူ အလွန်ဆိုသည် ဆိုစီဒက် (B) အသင်းကို သုံးနှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကမှ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကို ပြောင်းလဲကိုင် တွယ်ခြင်းဖြစ်သည်။
Radio MARCA က ရီးယဲလ်အသင်းတာဝန်ရှိသူများအနေဖြင့် အသင်းကြီးနည်းပြဘဝ တစ်နှစ်သာ မရှိသေးသည့် အလွန်ဆို၏အတွေ့အကြုံအားနည်း ခြင်းအပေါ် စိုးရိမ်ခြင်းမရှိကြောင်းနှင့် အန်ဆယ်လော့တီနေရာ အစားထိုးရန် ဦးစားပေး ရွေးချယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အလွန်ဆိုသည် ရီးယဲလ်အသင်းတွင် ကစားသမားဘဝ ခြောက်နှစ်ကြာ ဖြတ်သန်းခဲ့ဖူးပြီး ၂၀၁၂၌ လာလီဂါချန်ပီယံဆုနှင့် နှစ်နှစ်အကြာ အန်ဆယ်လော့တီ၏ ပထမဆုံးရာသီ၌ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သည်။ ယင်းနောက်တွင် ဘွန်ဒစ်လီဂါအသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး သုံးရာသီကြာ ကစားပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သည်။
ယင်းနောက်တွင် ရီးယဲလ်လူငယ်အသင်းကို တစ်ရာသီကြာ ကိုင်တွယ်ပြီးနောက် ဆိုစီဒက် (B) အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ရလဒ်ဆိုးနေသည့် လေဗာကူဆင်အသင်းနည်းပြရာထူးကို အလွန်ဆို ရယူခဲ့ပြီး ရာသီကုန်တွင် အမှတ် ပေးဇယား အဆင့်ခြောက်နေရာနှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရီးယဲလ်နည်းပြသစ် ရေပန်းစားမှုတွင် လက်ရှိ ရီးယဲလ်အရန်အသင်းကို ကိုင်တွယ်လျက်ရှိသည့် ရာအူးလ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အလွန်ဆိုမှာမူ ဒုတိယနေရာ၌သာ ရှိခဲ့သည်။ သို့သော် ယခုရာသီ ဘွန်ဒစ်လီဂါတွင် လေဗာ ကူဆင်အသင်းခြေစွမ်းပြနေသဖြင့် ရီးယဲလ် အသင်းတာဝန်ရှိသူများသည် အလွန်ဆိုကို ပိုမိုစိတ်ဝင်စားလာခြင်းဖြစ်သည်။
အလွန်ဆို သည် ပြီးခဲ့သည့်သြဂုတ်လကမှ လေဗာကူဆင် အသင်းနှင့် ၂၀၂၅-၂၆ ရာသီအထိ စာချုပ်သစ် ချုပ်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
