မာဆေးလ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပထမပိုင်းမှာပင် လူစားလဲခံခဲ့ရသည့် ဘာပေ၏ခြေချင်းဝတ်ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိကြောင်း PSG အသင်း နည်းပြ လူးဝစ်အန်နရီကေးက အတည်ပြုပြောကြားခဲ့သည်။
ဘာပေသည် အစောပိုင်း၌ ကွင်းဘေးတွင် ကုသမှုခံယူကာ ပြန်ကစားခဲ့ပြီး မကြာမီတွင် လူစားလဲရန် သူကိုယ်တိုင် တောင်းဆိုလာမှုကြောင့် ၃၂ မိနစ်တွင် ပေါ်တူဂီတိုက်စစ်မှူး ဟယ်မို့စ်နှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။ ဘာပေသည် ယခုရာသီ လီဂူးပြိုင်ပွဲ၌ ပယ်နယ်တီ နှစ်ဂိုးအပါအဝင် ခုနစ်ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် ဦးဆောင်ထား နိုင်ခဲ့သည်။
"ကိုင်လီယန်ဟာ အနည်းငယ် နာကျင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက ဆိုးဆိုး ရွားရွားဖြစ်လိမ့်မယ်လို့ မမြင်မိပါဘူး။ သူ့အနေနဲ့ မကြာခင် ဘောလုံးပြန်ကစားနိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့ကို လူစားလဲလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ" ဟု အန်နရီကေးက ပြောကြားခဲ့သည်။
ဘာပေ အနေဖြင့် ယခုဒဏ်ရာကြောင့် လာမည့်စနေနေ့တွင် ကလယ်မွန့်အသင်းနှင့်ကစားမည့် အမှတ်ပေးပွဲ အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းသိရသည်။ PSG အသင်းသည် အောက်တိုဘာ ၄ ရက်တွင် နယူးကာဆယ်အသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင်မှ ဘာပေ ပြန်လည်ကစားဖွယ်ရှိသည်။
ဘာပေအနေဖြင့် နွေရာသီကာလအတွင်း အသင်းမှ ထွက်ခွာလုနီးပါးအထိ ဖြစ်ခဲ့သော်လည်း နောက်ဆုံး၌ ပြေလည်မှုရခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ငါးပွဲကစားရာတွင် ရှစ်ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
